ငွေကြေးပေးပြီး လိင်ဖျော်ဖြေမှု ရယူခြင်းအား မြောက်အိုင်ယာလန်တွင် ရာဇ၀တ်မှုအဖြစ် သတ်မှတ်လိုက်ပြီ
ငွေကြေးပေးပြီး လိင်ဖျော်ဖြေမှု ရယူခြင်းအား မြောက်အိုင်ယာလန်တွင် ရာဇ၀တ်မှုအဖြစ် သတ်မှတ်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။
မြောက်အိုင်ယာလန် လွှတ်တော် ရှိ ဗြိတိန် ပရိုတက်စတင့်နှင့် အိုင်ယာလန် ကက်သလစ် လွှတ်တော် အ မတ်များသည် လူကုန်ကူးမှု နှင့် လိင်ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေကြမ်း တစ်ခုကို အင်္ဂါနေ့တွင် တစ်ညီ တစ် ညွတ်တည်း အတည် ပြုခဲ့ကြခြင်း ဖြစ်သည်။
ဗြိတိန်နှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့သည် လူကုန်ကူးမှု၊ ပြည့်တန်ဆာ အိမ်များ ဖွင့်လှစ်ခြင်း နှင့် အများ ပြည်သူဆိုင်ရာ နေရာများတွင် ဖောက်သည် ခေါ်ယူမှုများအား တရားမ၀င်ဟု သတ်မှတ် ထားသော် လည်း ပြည့်တန်ဆာ လုပ်ငန်းကိုမူ တရားဝင် အဖြစ် သတ်မှတ်ထားသည်။
ဆွီဒင်၊ နော်ဝေ နှင့် ယခုအချိန်တွင် မြောက်အိုင်ယာလန် တို့သည် ပြည့်တန်ဆာများကို မဟုတ်ဘဲ ဖောက် သည် ကိုသာ ရာဇ၀တ်မှုဖြင့် အပြစ် ပေးနိုင်ရန် ဥပဒေများ ပြဋ္ဌာန်း ထားရှိခဲ့သည်။
ပြည့်တန်ဆာများအား ငွေကြေးပေးပြီး လိင်ပျော်ရွှင်မှု ရှာကြံသူများသည် စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် တစ်နှစ် အထိ ကျခံရမည် ဖြစ်သည်။
Messager

မှတ်ချက်များ