ဆီယာရာလီယွန်းမှာ လူနာတွေကို အိမ်ပေါက်စေ့ ရှာဖွေမယ်

ဆီယာရာ လီယွန်း နိုင်ငံမှာ အီဘိုလာ ကူးစက် ခံထားရသူတွေကို တစ်နိုင်ငံလုံးအနှံ့ တစ်အိမ်ဝင် တစ်အိမ် ထွက် လိုက်လံ ရှာဖွေ တော့မယ်လို့ သမ္မတ အားနက်စ် ဘိုင် ခိုရိုမာ က ပြောလိုက်ပါတယ်။

ဒီလို အိမ်ပေါက်စေ့ ရှာဖွေမှုတွေကို ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေနဲ့ တိုက်ဆိုင်နေချိန် နောက် သီတင်း ပတ် နှစ်ပတ် အတွင်းမှာ ပြုလုပ် သွားမယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့မှာ ဈေးရောင်း ဈေးဝယ်တွေ မလုပ်ဖို့ တားမြစ် လိုက်သလို နိုင်ငံအတွင်း ဒေသ တစ်ခုကနေ တစ်ခုကို ခရီး မထွက်ကြဖို့လည်း ကန့်သတ်ဖို့ ရှိတယ်လို့ သမ္မတ ခိုရိုမားက ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အရ အီဘိုလာ ကူးစက် မှုဟာ ဆီရာယာ လီယွန်း နိုင်ငံမှာ အဆိုးရွားဆုံး ဖြစ်ပေါ်နေပြီး အမှုပေါင်း ၈ ထောင်ကျော် တွေ့ရှိခဲ့ပြီးဖြစ် ကာ လူပေါင်း ၆၈၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

BBC

မှတ်ချက်များ