၂၀၁၄ တစ်နှစ်တာ အတွင်း အများအကျိုး အစွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ် ၁၀ ဦးရွေးချယ်
၂၀၁၄ တစ်နှစ်တာ အတွင်းအများအကျိုး အစွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ် ၁၀ ဦးရွေးချယ်ဖို့အတွက် ကုန်ဆုံးဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။
ဒီလို နှစ်ဟောင်း ကုန်ဆုံးတော့မယ့် အချိန်မှာ ၂၀၁၄ တစ်နှစ်တာ အတွင်း မြန်မာပြည်သူတွေရဲ့ အကျိုးအ တွက် အစွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ် ၁၀ ဦးကို ပရိသတ်တွေရဲ့ အမြင်ပေါ် မူတည်ပြီး ဘီဘီစီ မြန်မာပိုင်း အစီ အစဉ်က စာရင်းပြုစု ရွေးချယ်လိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ နယ်ပယ် အသီးသီး မှာ ၂၀၁၄ တစ်နှစ်တာအတွင်း အများပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ပုဂ္ဂိုလ် ၁၀ ဦး စာရင်းကို ရွေးချယ် ပေးပို့ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဒီလို ပေးပို့ရာမှာ ပရိသတ်တွေ အနေနဲ့ ကဏ္ဍစုံ၊ နယ်ပယ်စုံမှာ အများအကျိုး ထမ်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေထဲကနေ ကျားမ မခွဲခြားဘဲ ရွေးချယ်ကြစေလိုပြီး၊ အခု Facebook စာမျက်နှာရဲ့ message box က ဖြစ်စေ၊ bbcburmese@gmail.com သို့မဟုတ် burmese@bbc.co.uk ကိုဖြစ်စေ ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
BBC

မှတ်ချက်များ