ကျွန်တော်ကတော့ နှစ်ယောက်စလုံး စင်ပေါ်မှာ အကယ်ဒမီရဖို့ဆိုတာကြီးကိုတော့ မထင်ပါဘူး


ကိုတင့်တို့ရပ်ကွက်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပြေတီဦးနှင့်တွေ့ဆုံခိုက် ဇာတ်ကားအပေါ် စိတ်ကျေနပ်မှုအကြောင်း တီးခေါက်မိ ရာ ''အကုန်လုံး ကောင်းကြတယ်။အတွဲတိုင်း လည်းကောင်းကြတယ်။ အတွဲတိုင်း မှာလည်း ရယ်စရာတွေကလဲပါတယ်လေ။ ကားတစ်ကားလုံးလဲရယ် ရတော့ အဆင် ပြေပါတယ်''လို့ ပြေတီဦးက ဆိုပါတယ်။

ယခုနှစ်အကယ်ဒမီစာရင်းဝင်ထဲမှာ ဇနီး မောင်နှံနှစ်ဦးစလုံးက အကယ်ဒမီစာရင်းဝင်နေတဲ့အတွက်အကယ် ဒမီစတိတ်စင်ပေါ်ကို နှစ်ဦးအတူတက်ရောက်ခွင့်ရဖို့ မျှော်လင့်ချက်ရှိမလားလို့ မေးမြန်း ဖြစ်ခဲ့ရာ''အဲလိုတော့ မမျှော်မှန်းထားပါဘူး။ ကံကြမ္မာဆိုတာကလဲ ကြိုပြောလို့ မရဘူးလေ။ အားလုံးကတော့ ရစေချင်ကြတယ်။ ဒီလိုနှစ်ယောက်စလုံးရဖို့ အတွက် မျှော်မှန်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်တော်ကတော့ နှစ်ယောက်စလုံး စင်ပေါ်မှာ အကယ်ဒမီရဖို့ဆိုတာကြီးကိုတော့ မထင်ပါဘူး။ တစ်
ယောက်လောက်ပဲ ရတာ ဖြစ်ချင်ဖြစ်နိုင်သလို နှစ်ယောက်စလုံးမရတာလည်းဖြစ်ချင်ဖြစ်နိုင်တယ်လို့ ထင်ပါ တယ်''လို့ ပြေတီဦးကပြောပါတယ်။

အနု ပညာရှင်တွေအများစုက နှစ်ကုန်ပြီဆိုရင် တစ်နှစ်တာလုံးစာ သူတို့ရဲ့အနုပညာ နဲ့ပတ်သက်လို့ ပြန် လည်သုံးသပ်မှုတွေ၊ အားရမှု၊ အားမရမှုတွေကို ပြန်လည် ဆန်းစစ်တတ်ကြတဲ့အတွက် ပြေတီဦးကိုလည်း ၂ဝ၁၄ ခုနှစ်က သူ့အတွက် ဘယ်လိုနှစ်မျိုးလဲလို့ မေးဖြစ်ခဲ့ပါတယ်။

''၂ဝ၁၄က ကျွန်တော့်အတွက် ကံကောင်း တဲ့နှစ်တစ်နှစ်ပါ။ ဘာကြောင့်လဲဆိုတော့ကျွန်တော့်ရုပ်ရှင်ကား ကြီးတွေနဲ့ဆိုရင် မော်ဒန်ရာဇဝင်ဆိုတဲ့ကားက ဝင်ငွေစံချိန်တင်တယ်လို့ ပြောလို့ရတယ်။ ဟာသကား အဖြစ်
အောင်မြင်ခဲ့တယ်။ တိုက်ဆိုင်မှုရှိလျှင် ဆိုတဲ့ကားကလဲ ဒရမ်မာကားတွေမှာဆို ရင် ဝင်ငွေစံချိန်ချိုးလောက်
အောင်ရခဲ့တယ်။ ရုပ်ရှင်မှာဆိုရင် ဟာသရော၊ ဒရမ်မာရော နှစ်မျိုးစလုံးမှာ ပရိသတ်ကျေနပ်အောင်လုပ်
ပေးနိုင်ခဲ့တယ်။ ဗီဒီယိုကားတွေထဲမှာဆိုရင် ပေါက်ခဲ့တဲ့ကားတွေလည်း အများကြီးရှိခဲ့တယ်။ ကျွန်တော့်ရဲ့ ပထမဆုံးရိုက်ရတဲ့ဇာတ် လမ်းတွဲ အချိန်တိုင်း နေရာတိုင်းကလဲ တော်တော်လေးအောင်မြင်တယ်လို့ ပြောရ မယ်။ စီးရီးတွဲမှာလည်း အောင်မြင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့အတွက် ကလေး လေးတစ်ယောက် လည်း ရလာခဲ့တယ်။ ၂ဝ၁၄က ကျွန်တော့်အတွက် မင်္ဂလာအရှိဆုံးနှစ်ပေါ့ဗျာ''လို့ ပြေတီဦးက ပြောပါ တယ်။

သုသော်ဒီ  | Yangon Media Group

မှတ်ချက်များ