ကိုယ်မွေးထားတဲ့သားကို ကိုယ်ပြန်စားဖို့ကြံတဲ့ မိခင်


တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်တောင်ပိုင်း ရှန်ဇင်းမြို့မှာ အမျိုးသမီးတစ်ယောက်ဟာ သူ့သား ငယ်ရဲ့ လက်မောင်းကို ကိုက်နေတာကို သူနာပြုဆရာမ တွေက တွေ့မြင်လိုက်ရပါတယ်။ တုန်လှုပ်ချောက်ချား သွားတဲ့ သူနာပြုက မိခင်ဖြစ်သူက သူ့ရဲ့ရက်သားသာ ရှိသေးတဲ့သားငယ်ကို စားရန်ကြိုးစားနေပုံကို ပြန် လည် သရုပ်ဖော်ရေးဆွဲပြခဲ့ပါတယ်။

သူနာပြုဆရာမတစ်ဦး တွေ့မြင်လိုက်တဲ့ သားစားမိခင်က အသက် ၂၄နှစ်အရွယ် လီဇောင်ဟွာ ဆိုသူဖြစ်ပြီး သားလက်မောင်းကို ကိုက်ခဲထားပါတယ်။ သူမက အချက်ပေးခေါင်းလောင်းကိုနှိပ်လိုက်ပြီး ကလေး လွတ်မြောက်သွားအောင် ဆွဲယူဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူက မလွှတ်ပေးဘူးလို့ ဆိုပါတယ်။

နောက်တော့ ဆရာဝန်တွေထပ်ရောက်လာပြီး ကလေး လွတ်မြောက်သွားအောင် အင်အားသုံး အကောင် အထည်ဖော်ခဲ့ပါတယ်။ တုန်လှုပ်ချောက်ချားဖွယ် သားစားမိခင်ရဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ဆေးရုံကတော့ တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ် တောင်ပိုင်းရှန်ဇင်းမြို့က ဆေးရုံဖြစ် ပါတယ်။

ဒီအမျိုးသမီးကို စတွေ့ခဲ့တုန်းက ကိုယ်လေး လက်ဝန်ကြီးနဲ့ လမ်းပေါ်မှာ အလုပ်လုပ်နေတာဖြစ် ပါတယ်။ အဲဒါ ဆေးရုံပေါ်ခေါ်လာပြီးနောက် မီးဖွား စေခဲ့ပြီး လူနာဆောင်မှာနေစေခဲ့ပါတယ်။ သူနာပြုထံမှ ကလေး ကိုပြန်ယူသွားစဉ် သူမရဲ့မိသားစုနဲ့ အဆက် အသွယ်ရအောင် ဆေးရုံက ကြိုးပမ်းခဲ့ပါတယ်။

ဒီအမျိုး သမီး ဆေးရုံရောက်လို့ သုံးရက်မြောက်မှာ သူနာပြု ဆရာမဖြစ်တဲ့ လီယူတီယန်လွန်းက အိပ်ခန်း ထဲကိုဝင် သွားစဉ် မိခင်ဖြစ်သူက သူ့သားလက်မောင်းကို ကိုက် နေတာကို တွေ့လိုက်ရတာဖြစ်ပါတယ်။

ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် က ''တကယ့်ကို တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ ဖြစ်ရပ်ပါ။ ကလေးလက်မောင်းက ဆိုးဆိုးရွားရွားထိ ခိုက်သွားခဲ့ပြီး အကြီးအကျယ် အနာရသွားရုံသာမက ကိုက် ချက်ကြောင့် သွေးထွက်လွန်ခဲ့ပါသေးတယ်''လို့ ပြောပါတယ်။

''ကံကောင်းထောက်မစွာနဲ့ပဲ ဆရာဝန်တွေ က မိခင်ဖြစ်သူရဲ့မေးရိုးကို အတင်းဆွဲပြီး ကလေးလွတ် သွားအောင်လုပ်နိုင်ခဲ့ပါတယ်။ နောက်တော့ ဆရာဝန် တွေက မိခင်ဖြစ်သူကို အိပ်ဆေးတိုက်ကျွေးပြီး ကလေး ငယ်ကို လုံခြုံစိတ်ချရတဲ့နေရာ ခေါ်လာခဲ့ပါတယ်''လို့ ဆက်ပြောပါတယ်။

ရဲအဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေအရ သူမမှာ ကိုယ်ဝန်ရှိနေပေမယ့် ယောက္ခမဖြစ်သူက လမ်းပေါ် မှာ ပစ် သွားခဲ့တာလို့ သိရပါတယ်။ သူမမိသားစုက လီ မှာ ကိုယ်ဝန်ရှိနေတာနဲ့ အကူအညီလိုအပ်နေတာကို ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး။ အမျိုးသမီးရဲ့ အပြု အမူကို ကျားကန်ပေးခဲ့တဲ့အချက်အလက်တွေကို ဆက် လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကလေးငယ်ကိုတော့ အာဏာပိုင်တွေရဲ့စောင့်ရှောက်မှုအောက်မှာ ထားထား ပါကြောင်း သိရပါတယ်။

Yangon Media Group

မှတ်ချက်များ