လျှပ်စစ်ရထား Tram Train ပြေးဆွဲရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ပြီး လျှပ်စစ်ရထားခေါင်းများဝယ်ရန် စီစဉ်နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

လျှပ်စစ်ရထားပြေးဆွဲရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ပြီး လျှပ်စစ်ရထား
ခေါင်းဝယ်ရန် စီစဉ်နေသည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ထော်လီကွေ့-ပန်းဆိုးတန်း-ပုဇွန်တောင် ကမ်းနားလမ်းတစ်လျှောက် ရထားပြေးဆွဲမှု ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ်ရထားပြေးဆွဲမှုနှင့် ပတ်သက်၍ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “လျှပ်စစ်ရထားပြေးဆွဲဖို့က လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားရဖို့ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့ ညှိနှိုင်းမှုတွေ ရရှိပြီးသွားပြီ။ အခု လျှပ်စစ်ရထားခေါင်းဝယ်ဖို့ လုပ်နေတယ်” ဟု ပြော ကြားသည်။

မြန်မာနိုင်ငံတွင် Tram Train များပြေးဆွဲမှုမှာ အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက ရှိခဲ့ကြောင်း၊ ၁၉၉၄-၁၉၉၅ ခုနှစ်ကလည်း Tram စက်ခေါင်းပုံစံဖြင့် ပြေးဆွဲခဲ့ကြောင်း၊ ၎င်းပြေးဆွဲမှုကို ပြန်လည်အ
ကောင်အထည်ဖော်မည့် အစီအစဉ်ကို ထော်လီကွေ့-ပန်းဆိုးတန်း-ပုဇွန်တောင် ကမ်းနားလမ်းတွင် ပြုလုပ် မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားထားသည်။

လျှပ်စစ်ရထားခေါင်းကို ဂျပန်နိုင်ငံမှဝယ်ယူရန် စီစဉ်နေပြီး အခြားလိုအပ်သည့် နည်းပညာပိုင်းများကိုလည်း ဂျပန်နိုင်ငံနှင့် ပူပေါင်းလုပ်ဆောင်နေသည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ရထားအူလမ်းကြောင်းအရှည် ခြောက်မိုင်ကျော်ရှိ ထော်လီကွေ့-ပန်းဆိုးတန်း-ပုဇွန်တောင်ကို လျှပ်စစ်ရ ထားပြေးဆွဲပါက ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ ခြောက်သန်းကျော်ရှိနိုင်ကြောင်း ရထားပို့
ဆောင်ရေး ဝန်ကြီးဌာနမှ ခန့်မှန်းတွက်ချက်ထားသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် လာမည့်နှစ်အနည်းငယ်အတွင်း ရန်ကုန်မြို့ပတ်ရထား ပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်မှုများ ဆက်လက်ပြုလုပ်မည့်အပြင် မြန်မာနိုင်ငံရှိ ပြေးဆွဲလျက်ရှိသော ရထားလမ်းပိုင်းများနှင့် ရထားပြေးဆွဲမှုများကို အဆင့်မြှင့်တင်နိုင်ရန် စီစဉ်ထားသည်ဟု ပြည်ထောင်စုဝန် ကြီး ဦးသန်းဌေးက ပြောကြားသည်။

၂ဝ၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့ပတ် အပါအဝင် အခြားအရေးကြီးသော ရထားလမ်းပိုင်းများ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ အဓိကအကူအ ညီပေးမည်ဖြစ်ပြီး ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ Survey ပြုလုပ်ထားချက်အရ ရန်ကုန်မြို့ပတ်ရ ထား ပြေးဆွဲမှု လုပ်ငန်းများအတွက် ဒေါ်လာနှစ်ဘီလျံ ကုန်ကျနိုင်မည်ဖြစ်ပြီး JICA မှ ODA ချေးငွေရရှိနိုင် ရန် ကြိုးပမ်းနေကြောင်း မြန်မာ့မီးရထား၊ အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း က ပြောကြားသည်။

အောင်ရဲကို

မှတ်ချက်များ