ဒေါက်မြင့်ဖိနပ်စီးထားပြီး ပန်းရောင်ဘရာစီယာ ၀တ်ထားတဲ့ အမျိုးသားတစ်ယောက်ဟာ ဘတ်စ်ကားတစ် စီးပေါ် လိုက်ပါလာရင်း အင်တာနက် ကြယ်ပွင့် ဖြစ်လာခဲ့ပါတယ်။
အဲဒီ အမျိုးသားရဲ့ သူငယ်ချင်းတွေက သတင်းထောက်တွေကို ပြောကြားခဲ့တာတော့ သူဟာ မုဆိုးဖို တစ်ယောက်ဖြစ်ပြီး သူဝတ်ဆင်ထားတဲ့ မိန်းမအ၀တ်အစားတွေဟာ သေဆုံးသွားတဲ့ သူ့ဇနီးသည်ရဲ့ အ ၀တ်အစားတွေဖြစ်တယ်လို့ သိရပါတယ်။ထို အမျိုးသမီးရဲ့ အ၀တ်အစားတွေဝတ်ထားတဲ့ အမျိုးသားဟာ တရုတ်နိုင်ငံ ၊ Henan ခရိုင် ၊ Zhengzhou မြို့ က ပြည်သူ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ ပုံမှန်တွေ့နေကျဖြစ်တယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
သူ့သူငယ်ချင်းတွေရဲ့ ပြောကြားချက်အရတော့ ထိုအမျိုးသားရဲ့ ဇနီးဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့် က သေဆုံး သွားခဲ့ပြီး သူ့ဇနီးနဲ့ နီးနီးကပ်ကပ် ရှိနေတယ်လို့ ခံစားရအောင် ထိုကဲ့သို့ ဇနီးသည် ရဲ့ အ၀တ်အစားတွေကို ၀တ်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ထိုအမျိုးသားဟာ ပလတ်စတစ် အိတ် တစ်လုံးနဲ့ အတူ ဘတ်စ် ကားပေါ်တက်လာပြီး သူ့ရဲ့ ကုတ် အကျီင်္ ကို ချွတ်ကာ သူ့ဇနီးသည် ရဲ့ ဘရာစီယာ ကို ၀တ်ဆင်လိုက်ပြီး ပန်းသီး၂ လုံးကို ရင်သားအသွင် ထည့်လိုက်တဲ့ ဗီဒီယို ဟာ ၁၅ နာရီ အတွင်း ကြည့်ရှုသူ ၂.၄ သန်း ရှိခဲ့ပြီး “အန်ကယ်ပန်းသီးလို့ အမည်တွင်လာခဲ့ပါတယ်။
Trend Myanmar
ပင်မ
/
သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဘရာစီယာ ကို ၀တ်ပြီး လျှောက်သွားနေတဲ့ အမျိုးသားရဲ့ ဗီဒီယိုဟာ ကြည့်ရှု သူ ၂.၄သန်းရှိလာ

မှတ်ချက်များ