အမေရိကန်ပြည်ထောင်စုမှ စားသောက်ဆိုင်ဝိတ်တာလုပ်သားအမျိုးသမီးတစ်ဦးသည် ၎င်း၏ဆိုင်တွင် ပုံမှန် လာရောက်စားသောက်နေသည့် လင်မယားနှစ်ဦးထံမှ ဘောက်ဆူးအဖြစ် ကားတစ်စီး လက်ဆောင်ရရှိခဲ့
ကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ မစ်ဆူရီပြည်နယ်၊ ဘရန်ဆန်မြို့ ရှိ Cracker Barrel စားသောက်ဆိုင်တွင် လုပ်ကိုင်နေသော စင်ဒီဂရက်ဒီဆိုသူ အမျိုးသမီးသည် စားသုံးသူ များအားဝန်ဆောင်မှုပေးရာတွင် စေတနာရှိသောကြောင့် ၎င်းအား ဖောက်သည်များက ချစ်ခင်နှစ်သက်ကြ သည်။
ထိုအထဲတွင် ဆိုင်သို့ ပုံမှန် လာရောက်စားသုံးသည့် ဂယ်ရီတက်ကက်နှင့် ရိုစန်တက်ကက်ဆိုသော လင်မ ယားနှစ်ဦးလည်းပါဝင်သည်။ မစ္စစင်ဒီသည်ဆိုင်သို့ အလုပ်လာဆင်းတိုင်း ယာဉ်တိုက်မှုကြောင့် ပျက်စီးကာ ကားဘောနတ်ကို ကြိုးဖြင့်သိုင်းထားရသလို ယာဉ်မောင်းဘက်ခြမ်းမှ မှန်မရှိ၍ ပလတ်စတစ်စအဖြူကို မှန် သဖွယ် ဖုံးအုပ်ထားသည့် သူမ၏ ၂၀၀၂ မိုဒယ် Hyundai Accent ကားဖြင့် လာရောက်လေ့ရှိသည်ကို မစ္စတာ ဂယ်ရီတက်ကက်တို့ လင်မယားက မြင်တွေ့ကာ ကရုဏာသက်မိ၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် က ၎င်းတို့၏ ၂၀၀၈ မိုဒယ် Ford Fusion ကားကို ပေးအပ်ခဲ့ ခြင်းဖြစ်သည်။
မသန်စွမ်းသားတစ်ဦးရှိသူ မစ္စစင်ဒီမှာ ခရစ္စမတ်လက် ဆောင်အဖြစ် ကားတစ်စီးရရှိခဲ့ခြင်းအပေါ် မယုံ ကြည်နိုင်လောက်အောင် အံ့အားသင့်မိခဲ့ပြီးသူမအား မစ္စတာဂယ်ရီကိုယ်တိုင် ကားသော့ပေးကာ မောင်းနှင် ခိုင်းခဲ့သလို ထိုဗီဒီယိုဖိုင်ကို မစ္စတာဂယ်ရီ၏သမီးက အင်တာနက်ပေါ်တင်ခဲ့ရာ Like လုပ်သူ သိန်းနှင့်ချီ ရှိခဲ့သည်။
Auto Mobile Journal

မှတ်ချက်များ