တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပါတယ်။ ယင်း ဖြစ်ရပ် ကတော့ လေယာဉ်ပေါက် လိုက်ပါ ခရီသည် တစ်ဦးဟာ အပြင်လေ ရှူရှိုက်ချင်တာကြောင့် ပြတင်းပေါက် ဖွင့်ခဲ့ခြင်း ဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ မထင်မရှားမြို့ငယ်လေးမှာ နေထိုင်တဲ့ ယင်း ခရီးသည်ဟာ လေယာဉ်ကို တစ်သက်နဲ့ တစ် ကိုယ်ပထမဆုံး အကြိမ် စီးဖူးခြင်း ဖြစ်ပါတယ်။ ယင်းသို့ စစီးတဲ့အခါ သူ့အနေနဲ့ လေယာဉ်အတွင်းက ရတဲ့
လေနှံ့ကို မခံနိုင်ပါဘူး။ ဒါကြောင့်မို့ ပြတင်းပေါက်ကို နည်းလမ်းရှာလို့ ဖွင့်လိုက်ပါတယ်။
ကံကောင်းချင်တော့ လေယာဉ်က ပြေးလမ်းပေါ် ကနေ လေပေါ် တက်ဖို့ အရှိန်ယူနေဆဲ အချိန်မို့လို့ ဖြစ်ပါ တယ်။ အကယ်၍ လေပေါ်မှာသာ ဖွင့်ရင် အခန့်မသင့်ရင် အက်ဆီးဒန့်ဖြစ်လို့ ပျက်ကျ နိုင်ပါတယ်။ လေ ရဲက တိုးဝေ့မှုကြောင့် ထိန်းချုပ်မှု ပျက်ယွင်းမှာ ဖြစ်ပါတယ်။
ယခုတော့ လေယာဉ်က ပြေးလမ်းပေါ်မှာသာ ရှိသေးပြီး ပြတင်းပေါက် ဖွင့်လိုက်တာနဲ့ အရေးပေါ် သတိပေး အသံက မြည်ပါတယ်။ ဒါကြောင့်မို့ သူ့ရဲ့ လုပ်ရပ်ကို လေယာဉ်ပေါ် ပါတဲ့ လေယာဉ်မယ်တို့က အမြန်ဆုံး တားဆီးလို့ ပြတင်းပေါက် ပြန်ပိတ်ခဲ့ပါတယ်။ သူ့အနေနဲ့ကတော့ ဘယ်လိုမှ အရေးယူ မခံရ ပါဘူး။ ပထမဆုံး အကြိမ်လေယာဉ်စစီး ဖူးသူမို့ ခွင့်လွတ်ပေးခဲ့ကြပါတယ်။
အောင်ခမ်း ( ရိုးရာလေး )

မှတ်ချက်များ