ရင်ကို နစ်မွမ်းစေတဲ့ ပါကစ်စတန်နိုင်ငံက သေဆုံးသွားတဲ့ ကျောင်းသားတွေရဲ့ သဂြိုလ်နေ့












"အခေါင်းအရွယ် သေးငယ်လာလေလေ၊ ထမ်းပိုးရတာ လေးလံလာလေလေ" (The smaller a coffin gets, it is more and more heavier to carry) ဆိုတဲ့ မထင်မရှား ဆိုရိုး စကား ရှိခဲ့ဖူး ပါတယ်။ ပါကစ္စ
တန်နိုင်ငံ ပရှရ်ဝါပြည်နယ်မှာတော့ အဆိုပါ အခေါင်းသေးသေး ၁၀၀ ကျော်ကို သက်ဆိုင်ရာ မိသားစုများ က စုပေါင်း သဂြိုလ်ခဲ့ပါပြီ။


ဒါပေမယ့် ဒါအကုန်တော့ မဟုတ်သေးပါ။ ဆေးရုံပေါ်မှာလည်း ဒဏ်ရာပြင်းထန်ပြီး အသက်လုနေရတဲ့
ကျောင်းသားနှင့် ဆရာဆရာမ များစွာ ရှိနေပါသေးတယ်။

ပါကစ္စတန် တာလီဘန် TTP လို့ လူသိများတဲ့ အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ စစ်တပ်ပိုင် အထက်တန်းကျောင်းအတွင်း ၀င်ရောက် တိုက်ခိုက် မှုကြောင့် လူပေါင်း ၁၄၈ ဦး သေဆုံးသွားခဲ့ပြီး ၁၃၀
ကျော် မှာ ကျောင်းသား များ ဖြစ်ပြီး ကျန်သူများမှာ ဆရာများ၊ ကျောင်းဝန်ထမ်းများ ဖြစ်တယ်လို့ သိရှိ ရပါတယ်။

The Ladies News Journal

မှတ်ချက်များ