တစ်နှစ်တာ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ်အီဘိုလာတိုက်ဖျက်သူများကို တိုင်းမ်မဂ္ဂဇင်းရွေးချယ်
အမေရိကန်ပြည်ထောင်စုတွင် ထုတ် ဝေနေသော တိုင်းမ်မဂ္ဂဇင်းက ၂ဝ၁၄ ခုနှစ် အထူးခြားဆုံးပုဂ္ဂိုလ် (Time Person of the Year)အဖြစ် အီဘိုလာ ဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြ သူများအား ရွေးချယ်လိုက်သည်။
တိုင်းမ်မဂ္ဂဇင်းကြီး၏ အယ်ဒီတာ နန်စီဂစ်(Nancy Gibbs )က ဆရာဝန်များနှင့် သူနာပြုများသည် ယခုစစ်ပွဲကြီးတွင် ကြံ့ ကြံ့ခံရပ်တည်၍ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ် ကြောင်း ပြောကြားလိုက်သည်။
၎င်းတို့သည် အခြားသူတစ်ပါး၏ အသက်ကို ကယ်တင်နိုင်ရန် မိမိတို့အသက် ဆုံးရှုံးနိုင်သော အန္တရာယ် ရှိနေသည့် ကြားမှ အားကြိုးမာန်တက် အကြင်နာတရားအ ပြည့်နှင့် မမောနိုင်မပန်းနိုင် ဆောင်ရွက်ခဲ့ကြ သူများဖြစ်ကြောင်း မစ္စဂစ်က ပြောသည်။
အီဘိုလာတိုက်ဖျက်မှုအတွက် ကမ္ဘာ အနှံ့အပြားမှ လာရောက်ခဲ့ကြသူများထဲတွင် နယ်စည်းမခြား ဆရာ ဝန်များအဖွဲ့၊ Samaritan's Purse၊ ခရစ်ယာန် ကျန်းမာ ရေးစောင့်ရှောက်မှု အဖွဲ့များလည်းပါဝင် ကြောင်း ဂစ်ကပြောသည်။
Yangon Media Group


မှတ်ချက်များ