ဇနီးဟောင်းနှင့် မိသားစုဝင် ငါးဦးကို သတ်ခဲ့သူ နေအိမ်အနီး တောအုပ်အတွင်း သေဆုံး လျက် တွေ့ရှိ
အမေရိကန်နိုင်ငံ ပင်ဆဲလ် ဗေးနီးယားပြည်နယ်၌ ဇနီးဟောင်း နှင့် မိသားစုဝင်ငါးဦးအား သေနတ် ဖြင့် ပစ်သတ်ခဲ့သည့် အီရတ်စစ်ပြန်တစ်ဦး၏ ရုပ်အလောင်းကို တောအုပ်တစ်ခုအတွင်း တွေ့ခဲ့ရကြောင်း ရဲအဖွဲ့က ပြောသည်။

ဘရက်ဒလေစတုန်း၏ ရုပ်အလောင်းကို အင်္ဂါနေ့က ၎င်း၏အိမ်အနီး တောအုပ်အတွင်း တွေ့ရ ကြောင်း ရဲအဖွဲ့က ပြောသည်။

ရဲအဖွဲ့က ၃၆ နာရီကြာ လိုက်လံ ရှာဖွေခဲ့ပြီးနောက် အသက် ၃၅ နှစ် အရွယ် မစ္စတာစတုန်း၏ ရုပ် အလောင်းကို ရဲအဖွဲ့က တွေ့ရှိခဲ့ သည်။

၎င်းသည် တနင်္လာနေ့က ဖီလာဒယ်ဖီးယားအနီး လူခြောက်ဦး အား သေနတ်ပစ်သတ်ခဲ့မှုနှင့် ဆက်စပ်နေ သည်ဟု ဆိုသည်။

၎င်း၏ ဇနီးဟောင်း၊ မိခင်၊ အဘွား၊ ညီမ၊ ညီမ၏ခင်ပွန်းနှင့် ၄င်းတို့၏သမီးတို့ကို သတ်ခဲ့သည်ဟု ဆိုသည်။

မစ္စတာစတုန်း၏ ရုပ်အလောင်း ကို ပင်းစဂတ်ရှိ ၄င်း၏နေအိမ် မှ မိုင်ဝက်ခန့်အကွာ တောအုပ်တစ်ခုအ တွင်း တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Myanmaalinn

မှတ်ချက်များ