နိုင်ငံတော်သမ္မတအိမ်တော်သို့ တိုက်ရိုက်သတင်းရယူခွင့် ပြုမည်ဟုဆို


နိုင်ငံတော်သမ္မတနှင့် အစိုး ရအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက် များနှင့်ပတ်သက်၍ လာမည့်နှစ် ဇန်နဝါရီလ မှ စပြီး နိုင်ငံတော်သမ္မတအိမ် တော်၌ သတင်းရယူခွင့်ပြုမည်ဟု ပြန် ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်က ပြောဆိုလိုက် ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ရက်က မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရုံးခန်း၌ စာနယ်ဇင်းကောင်စီအဖွဲ့ ဝင်များ၊
မြန်မာနိုင်ငံသတင်းစာဆရာ များအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်း စသည့် မီဒီယာအသိုင်း အဝိုင်းများနှင့် တွေ့ဆုံစဉ် ပြန်ကြားရေး ဝန်ကြီးမှ ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ပြောသည်။

''ဒါက အစိုးရရဲ့ ပွင့်လင်း မြင်သာမှုတစ်ခုလို့ ပြောလို့ရတာပေါ့။ မီဒီယာအနေနဲ့လဲ သတင်းရယူရတာ အဆင်ပြေတာပေါ့။ အရင်တုန်းက ဆိုရင် သူတို့(အစိုးရ)ဖိတ်မှ သွားရ တာလေ''ဟု ပြောသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦး ဇော်သက်ထွေးက နိုင်ငံခြားသတင်း မီဒီယာ၊ ပြည်တွင်းသတင်းမီဒီယာ၊ အသံလွှင့်မီဒီယာ(ရေဒီယို)၊ ရုပ်သံမီ ဒီယာဟု အုပ်စုလေးစုခွဲပြီး သမ္မတ ရုံး၌ မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံ တင်ထားသော မီဒီယာတစ်ဦးသာ ဝင်/ထွက်သွားလာခွင့်ပြုထားသည် ဟု ပြောသည်။

မှတ်ပုံတင်ထားသောသတင်း သမားများအနေဖြင့် နေ့စဉ်ရုံးချိန် အတွင်း ဝင်ရောက်သတင်းရယူနိုင်ကြောင်း လည်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆိုသွားခဲ့ကြောင်း ဦးဇော်သက်ထွေးက ပြောသည်။

''သမ္မတရုံးနဲ့ပတ်သက်တဲ့ သတင်း တွေကို မေးရမြန်းရတာ လျော့သွားတာ ပေါ့။ သက်လဲ သက်သာလာ တာပေါ့။ သမ္မတဘာလုပ်နေလဲဆိုတာကို နေ့တိုင်း သိရမယ်။ ကိုယ်မသွားရင်တောင် သွား တဲ့လူလှမ်းမေး လိုက်သိတယ်''ဟု ၄င်း က ဆက်လက်ပြောသည်။

အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူ တော်၌ပြုလုပ်သည့် မီဒီယာရှင်းလင်းပွဲ များအားလေ့လာပြီး ယခုလို ပြု လုပ်ရ ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်ဟု ဦးဇော်သက် ထွေးကအတည်ပြုပြော ကြားသည်။

စည်သူကျော် | Yangon Media Group

မှတ်ချက်များ