ရာသီပြောင်းချိန်တွင် လေးဖက်နာဝေဒနာရှင်များ ပိုမိုဂရုစိုက်ဖို့လို


ရာသီဥတုအပြောင်းအလဲကာလ၌လေး ဖက်နာဝေဒနာရှင်များအနေဖြင့် အဆစ်အမြစ်ရောင်ခြင်းနှင့် နာ ကျင် ကိုက်ခဲမှုများ ပိုမိုဖြစ်ပေါ်လာနိုင် သည့်အတွက် ပိုမိုဂရုစိုက်သင့်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်
ဒေးရှင်း ဒုတိယဥက္ကဋ္ဌဒေါက်တာသိန်းဆွေက ပြောကြားလိုက်သည်။

ထို့အပြင် လေးဖက်နာဖြစ်စေသည့် Uric Acid (ယူရစ်စ်အက်စစ်) ပါဝင်သော အစားအသောက်များစား
သောက်မှုကို လျှော့ချရမည်ဟု၎င်းက အကြံပြုသည်။

''ဆောင်းတွင်းလိုအေးတဲ့အချိန် တွေမှာ နာကျင်မှုဝေဒနာပိုမိုခံစားရနိုင် လို့ ဝေဒနာရှင်တွေအနေနဲ့ ဂရုစိုက် သင့်တယ်။ ဒါ့အပြင်လေးဖက်နာဖြစ် စေတဲ့ Uric Acid ပါဝင်တဲ့ အစား အစာတွေဖြစ်တဲ့ ကညွတ်၊မျှစ်၊ပဲမြစ်၊
အင်ဥနဲ့တက်စာတွေ၊ ဝမ်းတွင်းကလီ စာတွေ၊ တွင်းအောင်းသားတွေ၊ ပင် လယ်စာတွေ၊ သစ်မြစ်သစ်ဖုတွေ စား သုံးတာ လျှော့လိုက်မယ်ဆိုရင်တော့ လေးဖက်နာရောဂါကို သက်သာစေ နိုင်ပါတယ်''ဟု ဒေါက်တာသိန်းဆွေ ကပြောသည်။

လေးဖက်နာရောဂါကို အဓိက ဖြစ်စေသည့်အကြောင်းအရင်းများ တွင် အာသီးရောင်ပိုးကြောင့် ခန္ဓာကိုယ်မှ
တန်ပြန်ထွက်ပေါ်လာသည့် ပဋိဇီဝပစ္စည်းများမှ တစ်ဆင့် ဖြစ်ပွား သည့် လေးဖက်နာရောဂါနှင့်Uric Acid ပါဝင်သည့် အစားသောက်များ အား လွန်ကဲစွာစားသောက်မှုကြောင့် ဖြစ်ပွားသည့် လေးဖက်နာရောဂါဟူ ၍ရှိရာ မြန်မာနိုင်ငံတွင်Uric Acid ကြောင့်ဖြစ်ပွားသည့် လေးဖက်နာ ရောဂါမှာ ပိုမိုများပြားကြောင်း ၄င်းက ဆက်ပြောသည်။

၎င်းအပြင် လေးဖက်နာရောဂါ အတွက် သောက်သုံးရသည့်အချို့သော အင်္ဂလိပ်ဆေးများတွင် ဘေးထွက် ဆိုး ကျိုးများဖြစ်ပေါ်နိုင်ကြောင်းနှင့် ကြာ ရှည်စွဲသောက်ပါက နှလုံးသွေးကြော များကိုထိခိုက်စေနိုင်ကြောင်း
ကျန်း မာရေးဖောင်ဒေးရှင်းမှ သိရသည်။

''ဆရာဝန်တွေကတော့ အင်္ဂလိပ် ဆေးတွေ သောက်တာများရင်လဲ ရောဂါဖြစ်တတ်တယ်လို့ပြောတယ်။
ရောဂါခံစားလာချိန်မှာ ပရန်ဒီစလုံး နဲ့ အခြားအကိုက်အခဲပျောက်ဆေး တွေကို သောက်လိုက်ရင် ချက်ချင်း သက်သာပေမယ့် ကျွန်မ နှစ် ၃ဝ လောက် ပရန်ဒီစလုံးကို သောက် လာတာ လူက ဖောရောင်လာတယ်။ အသားအရေတွေ မူမမှန်တော့တာ ဖြစ်တယ်''ဟု နှစ်၃ဝကြာ လေးဖက် နာဝေဒနာ ခံစားနေရသည့် ဒေါ်လှ လှဝင်းက ပြောသည်။

ရောဂါဖြစ်ပွားခါစ လေးဖက် နာဝေဒနာရှင်များအနေဖြင့် တစ်လုံး လျှင် ကျပ်၃ဝ ဝန်းကျင်ရှိ Penicillin. V ကဲ့သို့ ဆေးကိုသာ အသောက်များ ပြီး နှစ်ရှည် ဖြစ်ပွားနေသူများသာ ၁၅ မီလီဂရမ် ဆယ်လုံးပါတစ်ကတ် လျှင် ကျပ် ၁၅ဝ ပေးရသည့် Prednisolone ဆေးကိုသာ သောက် သုံးမှုများကြောင်း ရန်ကုန်ဆေးရုံ ကြီးရှိ ဆေးအရောင်းဆိုင်များမှ သိရသည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ