နှစ်ဆခန့် မြင့်တက်လာသော အတွင်းလူနာများကြောင့် ရန်ကုန်ဆေးရုံကြီး ဝန်ထမ်းအင်အားနှင့် လူနာမမျှတမှုဖြစ်နေ

ဆေးရုံကြီး၏ ဖွဲ့စည်းပုံပြင်ဆင်ရန်လိုဟုဆို
ရန်ကုန်ဆေးရုံကြီး၌ ခြောက်နှစ် အတွင်း လူနာနှစ်ဆခန့် မြင့်တက်လာ သော်လည်း ကျန်းမာရေးဝန်ထမ်း အင် အားနှင့် လူနာအင်အား မျှတခြင်းမရှိ သည့်အတွက် ဆေးရုံဖွဲ့စည်းပုံကို ပြင် ဆင်ရန် လိုအပ်နေပြီဖြစ်
ကြောင်းရန်ကုန် ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လှမြင့်က ပြောသည်။

ရန်ကုန်ဆေးရုံကြီး၌ ယခင်က တစ် နှစ်လျှင် အတွင်းလူနာ နှစ်သောင်းခန့် သာ ရှိခဲ့ရာမှ ၂ဝ၁၃ ခုနှစ်မှစ၍
ခြောက် သောင်းကျော်ခန့် တက်ရောက် ကုသမှု ရှိလာပြီး လက်ရှိအချိန်တွင် ပြင်ပလူနာ နှစ်သိန်းငါးထောင် ရှိကာ ကျန်းမာရေး ဝန်ထမ်း ၁၃ဝဝ ခန့်သာရှိကြောင်း သိ ရသည်။

''အတွင်းလူနာက ၂ဝဝ၈ ခုနှစ်တုန်း က နှစ်သောင်းငါးထောင်ကျော်ပဲ ရှိပါ တယ်။ ၂ဝ၁၃ ခုနှစ်ရောက်တော့ ငါး သောင်းရှစ်ထောင်လောက် ရှိပါတယ်။ ပြင်ပလူနာလဲ ဒီလိုပဲ အရင်နှစ်တွေတုန်းက နှစ်စဉ် နှစ်သိန်းနီး ပါး ရှိခဲ့ပေမယ့် ၂ဝ၁၃ ခုနှစ်မှာ နှစ်သိန်းလေးသောင်း ကျော်ရှိခဲ့ပါတယ်''ဟု ယင်းက ပြောသည်။

ရန်ကုန်ဆေးရုံကြီး၏ ဖွဲ့စည်းပုံအ ရ ဝန်ထမ်းအင်အား ၁၇ဝဝ ရှိရမည် ဖြစ် သော်လည်း လက်ရှိတွင် ၁၃ဝဝ ခန့်သာ ရှိသည့်အတွက် ကျန်းမာရေးဝန်ထမ်း နှင့် လူနာ မျှတမှုမရှိဘဲအခက်အခဲများ နှင့်တွေ့နေရကြောင်း
ဆေးရုံအုပ်ကြီးက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ လူနာ များပြားလာရ ခြင်းမှာ လူနာများသည် ခရိုင်ဆေးရုံများ တွင် ကုသနိုင်သော်လည်း ယင်းဆေးရုံ များတွင် မကုသဘဲ ဆေးရုံကြီးသို့သာ လာရောက် ကုသနေခြင်းကြောင့် ဖြစ် ကြောင်း သိရသည်။

''ကျွန်တော်တို့ ငါးထပ်ဆောင်ကြီး ပြီးဖို့ကိုပဲ မျှော်လင့်နေရတယ်။ ငါးထပ် ဆောင်ကြီး ပြီးသွားရင်တော့ နေ ရာအ ခက်အခဲတွေ အဆင်ပြေသွားနိုင်လောက် ပါတယ်။ လက်ရှိ လူနာအင်အားနဲ့ နေရာ နဲ့ကလဲ မညီမျှ
တော့ လူနာတွေအတွက် အခက်အခဲရှိပါတယ်''ဟု ဆေးရုံကြီးရှိ ဓာတ်ရောင်ခြည်ဌာနမှ ဆရာဝန်တစ်ဦး က ပြောသည်။

ဆေးရုံကြီးရှိ ကျန်းမာရေးဝန် ထမ်းအင်အား တိုးမြင့်လာရန်အတွက် ဆေးရုံ၏ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့လို
ကြောင်း ရန်ကုန်အထွေထွေ ရောဂါ ကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောသည်။

''ဆေးရုံရဲ့ ဖွဲ့စည်းပုံကိုပြင်ပြီး သွားရင်တော့ ဝန်ထမ်းအင်အားက သုံးထောင်လောက်အထိ ရှိသွားမှာ ဆိုတော့ အဆင်ပြေသွားမှာပေါ့''ဟု ယင်းကပြောသည်။

ဆေးရုံကြီးတွင် ဝန်ထမ်းအခက် အခဲ၊ နေရာအခက်အခဲများအပြင် ဆေး ဝါးအခက်အခဲများလည်းရှိကြောင်း
လူနာတစ်ဦးဖြစ်သူ ဦးမင်းအောင်က ပြောသည်။

ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးအား ၁၈၇၂ခုနှစ်တွင် ခု တင်၄၈၃လုံးနှင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၂ခုနှစ်တွင် ခုတင်၁၅ဝဝဆံ့ဆေး ရုံကြီးအဖြစ်ပြောင်းလဲခဲ့သည်။

အာကာထက် | Yangon Media Group

မှတ်ချက်များ