![]() |
| အမှိုက်ကန်အတွင်း သန့်ရှင်းရေးလုပ်သားများကို တွေ့ရစဉ် /ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) |
လိုက်လံစစ်ဆေးသည့်အဖွဲ့ များတွင် စစ်ဆေးရေးဌာန ခေါင်းဆောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်အုပ် ချုပ်ရေးမှူး၊ ပန်းဥယျာဉ်ဌာနနှင့် ရပ်မိရပ်ဖအဖွဲ့ဝင်များ ပါဝင်သည်ဟု စည်ပင်တောင်ပိုင်းခရိုင်အတွင်း သန့် ရှင်းရေုးဌာနမှ လက်ထောက်အရာရှိတစ်ဦးက ပြောသည်။
‘‘မြေပြင်ထိ ဆင်းစစ်တော့ ကောင်းတာပေါ့။ လူကြီးတွေလည်း ကျွန်တော်တို့လုပ်တာကို သိသွားသလို ဘယ်လိုအခက်အခဲတွေရှိလည်းဆိုတာ မြင်သွားတယ်။ ၀န်ထမ်းတွေလည်း ဘယ်လောက်အလုပ်လုပ် တယ်ဆိုတာ ပိုအမြင်ရှင်းသွားမှာပါ’’ဟု ၎င်းက ပြောသည်။
အသန့်ရှင်းဆုံးမြို့နယ်ဆုကို ရရှိလိုသော်လည်း ဆုရပါက ပြည်သူများ၊ မီဒီယာများ၏ ဝေဖန်မှုကို ခံရနိုင် သည့်အတွက် ဆုရသည့် မြို့နယ်သည် ပိုမိုဂရုစိုက် လုပ်ကိုင်ရမည်ဟု စည်ပင်အုပ်ချုပ်ရေးမှူးတစ်ဦးက
ပြောသည်။
‘‘လမ်းပေါ်က အမှိုက်တွေရှင်းနေလည်း နောက်ဖေးလမ်း အမှိုက်တွေရှိသေးတာပဲလို့ ပြောမယ်။ ဈေးထဲက အမှိုက်ပုံဆိုလည်းအချိန်မှန်မှန်သိမ်းတာ မဟုတ်ဘူး။ ဒီလိုမျိုး ဝေဖန်ပြောဆိုတာတွေတော့ ဖြစ်လာမှာပါပဲ’’ ဟု ၎င်းက ဆိုသည်။
စည်ပင်နယ်နိမိတ်အတွင်း အမှိုက်သိမ်းဆည်းရာတွင် အမှိုက်ကား၊ အမှိုက်လှည်းစနစ်များဖြင့် သိမ်းဆည်း
နေပြီး အမှိုက်ကန်များကိုလည်း ဖျက်သိမ်းနေကာ အမှိုက်ပုံးများနှင့် အစားထိုးဆောင်ရွက်နေကြောင်း သန့် ရှင်းရေးဌာန အရာရှိတစ်ဦးက ပြောသည်။
‘‘ညီမတို့ အမှိုက်ကို တစ်နေကုန်သိမ်းရတယ်။ လူကြီးတွေလာမယ့်ရက်ဆို ညကတည်းက လုပ်ရတာ။ တစ် ခါတလေပုလင်းကွဲတွေကိုင်မိလို့ လက်တွေရှတာ၊ ခြေထောက်တွေထိတာတော့ မကြာခဏပဲ။ အမှိုက်ပစ် တဲ့အခါ စည်းကမ်းလေးနဲ့ ပစ်ပေးရင်တော့ အားလုံးအတွက် ကောင်းပါတယ်’’ဟု အမှိုက်သိမ်းဝန်ထမ်းတစ် ဦးက ပြောသည်။
ရန်ကုန်မြို့တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ခန့် ထွက်ရှိကာ လိုအပ်သည့်မြို့နယ်များအတွက် အမှိုက်ကားများ ထပ်မံချပေးသွားမည်ဖြစ်ပြီး စည်ပင်သာယာက တစ်လလျှင် အမှိုက်သိမ်းဆည်းခ ၆၀၀ ကျပ် ကောက်ခံကြောင်း သိရသည်။
ဖိုးတုတ်(လှည်းတန်း) | 7day

မှတ်ချက်များ