အကယ်ဒမီပွဲကြီး နီးလာပြီ


မြန်မာ့ရုပ်ရှင် လောကသားများအတွက် အထူးမျှော်လင့်ရာ အကယ်ဒမီ ပေးပွဲကြီး နီးကပ်လာပြီ။

အကယ်ဒမီပေးပွဲဟုဆိုသော်လည်း အကယ်ဒမီသည် ဘာကိုဆိုလိုသလဲ၊ ဘာအဓိပ္ပာယ်လဲ တိတိကျကျ သိရှိသူ နည်းပါးလှပါသည်။

''အကယ်ဒမီဆိုတာ အင်္ဂလိပ်လို Academic က ဆင်းသက်လာတာ။ မြန်မာစကားတော့မဟုတ်ဘူး။ Acadamic ထူးချွန်ပြောင် မြောက်တဲ့အပေါ် ပေးတာပါ။ မြန်မာလိုတော့ ရွှေစင်ရုပ်တု၊ ရုပ်ရှင်ထူးချွန်ဆု လို့ဆိုတယ်။ ရုပ်ရှင်လောကအတွက် ပေးတာ ရုပ်ရှင်လောကမှာ ထူးချွန်သူတွေကို ပေးတာပါ''ဟု အကယ် ဒမီ ဒါရိုက်တာပန်းချီစိုးမိုးက ပြောသည်။

ယင်းကဲ့သို့ ရုပ်ရှင်ထူးချွန်ဆုပေးသည့်အခါ ထူးချွန် လို့၊ အကောင်းဆုံးဖြစ်လို့၊ ထိုက်တန်လို့ရရှိသော အ ကယ် ဒမီများရှိသလို နှစ်တစ်နှစ်အတွက် အကောင်းဆုံးဖြစ်လို့ ရရှိတာမျိုးလည်းရှိကြောင်း သိရသည်။

''အကယ်ဒမီရတယ်ဆိုတာ နှစ်မျိုးရှိပါတယ်။ ရုပ်ရှင် က အကောင်းဆုံးဖြစ်လို့ ရရှိတာမျိုးရှိသလို နှစ်တစ်နှစ် အတွက်အကောင်းဆုံး Best of the year 2013 ဖြစ်လို့ ရွေးချယ်တာမျိုးတွေရှိပါတယ်''ဟု ၄င်းကဆက်
ပြောသည်။

အကယ်ဒမီရွေးချယ်ပေးရာတွင် အားနည်းချက်၊ အား သာချက်များသည် ခေတ်အဆက်ဆက်ရှိသလို လူ တိုင်း အမှား၊ အမှန်ရှိသောကြောင့် အကယ်ဒမီတွင် အမှား၊ အ မှန်များလည်းရှိနိုင်ကြောင်း သိရသည်။

ယခင်က နိုင်ငံတော်အစိုးရမှ အကယ်ဒမီရွှေဆုများ ကိုချီးမြှင့်ခဲ့ပြီး ယခုနှစ်မှစတင်၍ မြန်မာ့ရုပ်ရှင်လောက သား များနှင့်ဖွဲ့စည်းထားသည့်အင်န်ဂျီအိုအဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှကြီးမှူးကာ စိစစ်ရွေးချယ် ရေးအဖွဲ့၊ ရွေးချယ်ရေးကော်မတီမှရွေးချယ်ပေးမည်ဖြစ်သည်။

''အကယ်ဒမီပေးပွဲကို လာမယ့် ဒီဇင်ဘာ၂၇ရက်မှာ MEP မှာ ပြုလုပ်သွားပါမယ်။ အကယ်ဒမီပွဲနဲ့ပတ်သက် လို့ စိစစ်ရွေးချယ်ရေးအဖွဲ့ကရွေးချယ်ပြီး Final List ဆန် ခါတင်အဖြစ် ဇာတ်ကားခြောက်ကားဝင်ပါတယ်။ ဒီကား တွေထဲက ဆုတွေကို ရွေးချယ်ချီးမြှင့်မှာဖြစ်ပါတယ်။ ထူးချွန် ဆုကို ထူးချွန်သူကို ချီးမြှောက်ဖို့ပေး သွားမှာဖြစ်ပါတယ်။ ရရှိတဲ့သူကလဲ သူ့သမိုင်းစာမျက်နှာမှာ ရေးခွင့်ရသွားမှာ ဖြစ်တယ်''ဟု မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးလူမင်းက ပြောသည်။

၂ဝ၁၄ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ၂ဝ၁၃ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ဇာတ်ကား၁၅ကားထဲ မှ ဆန်ခါတင်ခြောက်ကားကို ရွေးချယ်ပြီး ရွှေဆုများချီးမြှင့် မည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပရိ သတ်များ အတွက် အကောင်းဆုံးတင်ဆက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

''ဒီနှစ်ကတော့ ခမ်းနားပြီး အစီအစဉ်သစ်တွေတင် ဆက်မှုကို ကြိုးစားထားပါတယ်။ နေရာပြောင်း၊ စီစဉ်တင် ဆက်မှုတွေ ပြောင်းလဲထားပါတယ်။ ကိုယ်တို့အနေနဲ့ ပရိ သတ်တွေကို လက်မှတ်ရောင်းချနိုင်ခြင်းမရှိတာ လဲတောင်းပန်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်နိုင်အောင် စနစ်တကျစီ စဉ်ဆောင်ရွက်ထားတဲ့အတွက် တိုက် ရိုက် ကြည့်ရှုနိုင်မှာဖြစ် ပါတယ်''ဟု ဦးလူမင်းက ဆက်လက်ပြောသည်။

ယခင်က အကယ်ဒမီ (မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲ)ကို နိုင်ငံတော်အစိုးရ ကကြီးမှူး၍ ပြန်ကြားရေး ဝန်ကြီးမှပေးအပ်သော ကြောင့် နိုင်ငံတော်ပွဲဆန် ခဲ့ကြောင်းနှင့် ယခုအခါ အင်န်ဂျီအိုအဖွဲ့အစည်း ဖြစ် သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီး မှူးကျင်းပပေးမည်ဖြစ် သောကြောင့် အနုပညာလောက သားများ အချင်းချင်း မိ သားစုဆန်ဆန် ကျင်းပသွားမည်ဖြစ်သည်။

''အရင်ကတော့ ဝန်ကြီးဌာနကကျင်းပပေးတဲ့အ တွက် နိုင်ငံတော်ပွဲ အစိုးရပွဲဆန်ဆန်ကျင်းပခဲ့ တယ်။ အခုက အနုပညာသမားတွေစု ပြီး မိသားစုတွေလိုကျင်းပနိုင်မှာဆိုတော့ ပိုပြီးတော့ လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင် ရွှင်ပုံစံမျိုး ပြောင်းလဲသွားမယ်လို့မျှော်လင့်ပါ တယ်''ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ က ဆိုသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မျက် နှာမလိုက်ဘဲပေးသင့်ကြောင်းနှင့် ပညာရပ် တစ်ခုတွင် ထူးချွန်သူတစ် ဦးထက်ပိုနေပါက လည်း ဆုများကို နှစ်ဆု၊ သုံးဆုပေးသင့် ကြောင်း ပြောဆိုမှုတွေလည်းရှိနေပါသည်။

''ရွေးချယ်တဲ့အခါ စိစစ်ကြည့်ရှုပြီး မျက် နှာမလိုက်ကြေး ဆုံးဖြတ်ရမယ်။ အရင်နှစ် တွေက မင်းသမီးတွေ မပေးဘူး။ နှစ်ယောက် ဖြစ်နေလို့ အားနာလို့မပေးတာလား။ အား နာစရာမလိုပါဘူး။ မနှစ်က ကောင်းတဲ့ သူ နှစ်ယောက်ဖြစ်နေရင် နှစ်ယောက်စလုံးပေး ပေါ့။ အကယ်ဒမီဆိုတာ အနုပညာသမား အတွက် တစ် သက်လုံးဂုဏ်။ တစ်နှစ်တာအ တွက် ဂုဏ်ပြုတဲ့ မှတ်တိုင်တော့ရှိတယ်။ နောက် တစ်နှစ်မှာ နောက်တစ်
ယောက်ဖြစ်သွားတာ။ မှတ်တိုင်တော့ ရှိသင့်တာပေါ့''ဟု အကယ်ဒမီ ဒေါ်နွဲ့နွဲ့စန်းက ပြောသည်။

အကယ်ဒမီပေးအပ်ရာ တွင် ဇာတ်ပို့ဇာတ်ရံများရရှိ ရန်အလွန်ခက်ခဲကြောင်းနှင့် သရုပ်ဆောင်မင်းသား၊ မင်း သမီးကြီးများကိုယ်တိုင် ဇာတ် ပို့ ဇာတ်ရံအဖြစ် သရုပ်ဆောင် သဖြင့် ဇာတ်ပို့ဇာတ်ရန်အဖြစ် ရုပ်ရှင်လောက သို့ရောက်လာသူ များအတွက် မျှော်လင့်ချက်နည်း ပါးနေကြောင်း သိရသည်။

''ဇာတ်ပို့ဇာတ်ရံကတော့ အကယ်ဒမီဝန်လေးပါတယ်။ တကယ့်ဇာတ်ပို့ ဇာတ်ရံအစစ်အမှန် တွေရဖို့ ခဲယဉ်း တယ်။ အဓိကဇာတ်ဆောင်က ဇာတ်ပို့လိုင်း ဆင်းရိုက်တော့ တကယ့်ဇာတ်ပို့အစစ်တွေက ရဖို့ခက် တယ်။ မင်းသမီးတွေနဲ့ ယှဉ်ရင် သိင်္ဂီထွန်း ကိုရစေချင်တယ်''ဟု ယင်းကဆက်လက် ပြောပြသည်။

ရုပ်ရှင်ဇာတ်ကားများရိုက်ကူးရာတွင် မိမိ နှင့်မလိုက်ဖက်သည့်ဇာတ်ရုပ်များ၊ အရွယ်များ ကို သရုပ်မဆောင် သင့်ကြောင်းနှင့် ဇာတ်ပို့ဇာတ် ရံများအတွက် ရုပ်ရှင်လောကမှ နေရာပေး ရန်လိုအပ်ကြောင်း သိရသည်။

အကယ်ဒမီဆိုသည်မှာ သရုပ်ဆောင် အနုပညာရှင်များအတွက် ကြိုးစားမှုရလဒ် ဖြစ်ပြီး ရုပ်ရှင်ထူးချွန်ဆု
ပေးပွဲတွင် ပရိသတ် များရစေချင်သည့် သရုပ်ဆောင်များထက် အနုပညာပြောင်မြောက်စွာဖန်တီးနိုင်သော အနုပညာရှင်များကို ပေးအပ်ရမည်ဖြစ်သည်။

''အကယ်ဒမီဆိုတာ အဓိကကတော့ သရုပ်ဆောင်၊ အနုပညာရှင်တွေအတွက် ရုပ်ရှင်ဖန်တီးသူတွေအတွက် ကြိုးစားမှုရလဒ်ကောင်းလို့မြင်ပါတယ်။ ရလဒ်ဆိုတဲ့နေ ရာမှာ ကောင်းတဲ့ရလဒ်ဆိုတာရှိသလို မကောင်း တဲ့ရလဒ်လဲရှိတယ်။ အကယ်ဒမီက ကောင်းတဲ့ ရလဒ်ပါ။ အကယ်ဒမီနဲ့ ပတ်သက်လို့ အားပေး တဲ့ပရိသတ်
တွေက နှစ်စဉ်နှစ်တိုင်းရစေချင်ကြ တာပဲ။ ရစေချင်တဲ့သူထက် ရသင့်ရထိုက်တဲ့ အနုပညာရှင်ရဖို့ အရေး ကြီးပါတယ်။ ရစေ ချင်တဲ့သူထက် ရသင့်ရထိုက် သူဖြစ်ဖို့ အရေးကြီးပါတယ်''ဟု အကယ်ဒမီနေတိုးက သုံး သပ်ပြောသည်။

ယခုနှစ် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကဦးဆောင်မည့် အကယ်ဒမီပေးအပ်ပွဲသည် ပြောင်း လဲမှုတစ်ခု
ဖြစ်ပြီး နောက်ပိုင်းတွင်နိုင်ငံ တကာနည်းတူ အကယ်ဒမီဆုများကို တိုး၍ပေးအပ်သင့်ကြောင်း သိရသည်။

'' အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့ ပွဲဖြစ်တဲ့အတွက် အဲဒီပြောင်းလဲမှုကို ကောင်းသောပြောင်း လဲခြင်း၊ ဆိုး
သောပြောင်းလဲခြင်း စဉ်းစားနေစရာမလိုဘူး။ နိုင်ငံခြားမှာ မိတ်ကပ်ပညာရှင်တွေ၊ အကောင်းဆုံးဗီလိန် ဆုတွေ၊ တေးဂီတမှာပါဆိုလည်းပါဝင်တဲ့ Crews လေး ယောက်ရှိရင် လေးယောက် စလုံးပေးတယ်။ မြန် မာနိုင်ငံမှာ ဒါရိုက်တာနှစ်ယောက်ရိုက်ကူးလို့ အကယ်ဒမီရတယ်ဆို ရင် အကယ်ဒမီအရုပ်နှစ်ဆုပေးသင့်ပါ တယ်။ အဲဒီလိုမျိုး ဆုတွေတိုးပြီး ပေးစေချင်ပါတယ်။ Title တစ်ခုမှာ ဆုတစ် ခုပဲရှိတယ်ဆိုရင် Title အရည်အတွက် တိုးပြီးတော့ ပေး စေချင်တယ်။ နောက်ပိုင်းမှာ International ဆန်ဆန်လုပ် ဖို့ တိုက်တွန်း ချင်ပါတယ်''ဟု အကယ်ဒမီနေတိုးက ဆက် လက်ပြောသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးသည် ကိုယ်တိုင် ကိုယ်ကျ သရုပ်ဆောင် ရိုက်ကူးဖန်တီးသည့်သူများသာမ က မျိုးဆက်သစ် အနုပညာရှင်များ အတွက်လည်း ပန်း တိုင်တစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ ရှင်စောပုလမ်း ရှိ Myanmar Even Park ၌ပြုလုပ်သွားမည်ဖြစ်ပြီး အနု ပညာရှင်၊ အတတ်ပညာရှင်မောင်နှမများ တစ်စုတစ်ဝေး တည်း တက်ရောက်ကြမည်ဖြစ်ပြီး အကယ်ဒမီရွှေကြိုများ ကိုလည်း ရွေးချယ်ထားပြီးဖြစ်ပါသည်။

သို့ဖြစ်၍ ထူးချွန်ပြောင်မြောက်သောအနုပညာ၊ အ တတ်ပညာရှင်များကို ဂုဏ်ပြုချီးမြှင့်မည့်အကယ်ဒမီပေး ပွဲ(သို့မဟုတ်)မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီး တရားမျှ တစွာဖြင့် တစ်ဦး၏အနုပညာစွမ်းရည်ကို တစ်ဦး က မေတ္တာ တရားဖြင့် ချီးကျူးဂုဏ်ပြုနိုင်ပါစေကြောင်း ဆုတောင်း ဆန္ဒပြု ရေးသားလိုက်ခြင်းပင် ဖြစ်ပါ သည်။

Yangon Media Group

မှတ်ချက်များ