ရဟန်းတို့ ဤသံသရာကြီးသည် အစမရှိ အဝိဇ္ဇာ ဖုံးအုပ်လျက် တဏှာကြိုးဖြင့် ချည်နှောင်ကာ တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်း စုန် ဆန် အဖန်ဖန် အခါခါ ကျင်လည်၍နေကြသော သတ္တဝါတို့၏ အစဆုံးဖြစ်ရာ ဘဝသည် မထင်မြင် နိုင်။
ရဟန်းတို့ ဆင်းရဲသောလူတစ်ယောက်ကို တွေ့လျှင် ''ငါတို့လဲ အစမထင် သံသရာတစ်ခွင်၌ ဤကဲ့သို့ပင် ဆင်းရဲခဲ့ဖူးလှလေပြီ''ဟု ဆုံးဖြတ်ရ မည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းတို့ ဤ သံသရာကြီးသည် အစမ ရှိ အဝိဇ္ဇာဖုံးအုပ်လျက် တဏှာကြိုးဖြင့်ချည်နှောင်ကာ တစ်ဘဝမှတစ်ဘဝ သို့ ကူးပြောင်းစုန်ဆန် အဖန်ဖန် အခါခါ ကျင်လည် နေကြသော သတ္တဝါတို့၏ အစဆုံးဖြစ်ရာဘဝ သည် မထင်မြင်နိုင်သောကြောင့်တည်း။
ရဟန်းတို့ ကပ်ကမ္ဘာ အနန္တဘဝ အသင်္ချေ နှစ်အရေအတွက်ပေါင်းများစွာ ရှည်ကြာသော ကာလပတ်လုံး သာမန်ဆင်းရဲမျိုးကို ခံစားခဲ့ရဖူး လှလေပြီ။ ပြင်းထန်သောဆင်းရဲမျိုးကို ခံစားခဲ့ရ ဖူးလှလေပြီ။ သေကျေ ပျက်စီးခဲ့ရဖူးလှလေပြီ။ သင်္ချိုင်းမြေပုံ တိုးပွားကြီးမားလှလေပြီ။ ရဟန်းတို့ ဤသင်္ခါရတရားဟူသမျှတို့၌ တွယ်တာမှုကင်းခြင်း ငှာ အလွန်ပင်သင့်လှသည်သာတည်း။ ဤသင်္ခါရ တရားတို့မှ လွတ်မြောက်အောင် ကြိုးစားခြင်းငှာ အလွန်ပင်သင့်လှသည်သာတည်း။
(နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၊ အနမတဂ္ဂသံယုတ်၊ ဒုတိယဝဂ်)
ဟဗုဒ္ဓ၏သြဝါဒအမြုတေ ( ဒဂုန်ဦးထွန်းမြင့် )၊ စာ-၂၇'
ဤကမ္ဘာမြေမျက်နှာပြင်သည် တညီတညာ တည်း မဟုတ်ပါချေ။ ဤကမ္ဘာမြေတွင် မိုးထိမြင့်မား သော
တောင်တန်းကြီးတွေရှိသည်။ အတန်မြင့်သော တောင်တန်း တောင်ထွတ် တောင်စွယ်တွေ ရှိသည်။ မို့မို့လွင်သော ကုန်းမြေမြင့်တွေရှိသည်။ နက်ရှိုင်းသော လျှိုမြောင်ချိုင့်ဝှမ်းတွေရှိသည်။ ညီညာကျယ်လွင့်
သော မြေပြန့်လွင်ပြင်တွေရှိသည်။ သစ်ပင်ဟူ၍ တစ်ပင်မျှပင် မရှိသော ပူပြင်းခြောက်သွေ့သည့်သဲကန္တရ
တွေရှိသည်။ ကြီးမားသောသစ်ပင်ကြီးတို့ဖြင့် ညို့မှိုင်းအုံ့ဆိုင်းကာ အေးစိမ့်နေသောစိမ့်ကြီးမြိုင်ကြီးတွေ ရှိသည်။ ဤသို့ ဖြင့် ဤကမ္ဘာမြေမျက်နှာပြင်သည် မြင့်သည့်နေရာက မြင့်၊ မို့သည့်နေရာက မို့၊ ချိုင့်သည့်နေ ရာက ချိုင့်၊ ညီ ညာပြေလွင်သည့် နေရာက ညီညာပြေလွင်...စသည် ဖြင့် အသွင်ကွဲပြားခြားနားလှပါ၏။
ကမ္ဘာမြေအပြင်ကဲ့သို့ပင် လူတို့၏ဘဝအခြေ အနေအဆင့်အတန်းများသည်လည်း ဆူကြုံနိမ့်မြင့် မတူ ကွဲပြားခြားနားလှပါသည်။ ရာထူးဂုဏ်ရှိန်၊ ဓနဥစ္စာ၊ ပညာရည်၊ ဆွေမျိုးအသိုင်းအဝိုင်း၊ မွေးဖွားရာဇာတိ စသည်တို့အပေါ် တည်မှီလျက် အဆင့်အလွှာတွေ ကွဲ ပြားသွားသည့် လူတန်းစားတွေ ခြားနားသွားသည်။
နိုင်ငံကျော်သည်အထိ ကျိကျိတက်ချမ်းသာ ကြွယ်ဝသူတွေရှိသည်။ သူတို့လောက်မချမ်းသာစေကာ မူ သူဌေးသူကြွယ်စာရင်းဝင်သူတွေရှိသည်။ သူဌေးသူ ကြွယ် စာရင်းမဝင်စေကာမူ ခြေမွေးမီးမလောင် လက်
မွေးမီးမလောင်၊ မပူမပင်မကြောင့်မကြ နေထိုင်စား သောက်နိုင်သူတွေလည်း ရှိသည်။ သင့်တင့်စွာနေထိုင် စားသောက်နိုင်သော လူလတ်တန်းစားတွေလည်းရှိ သည်။ စားဝတ်နေရေး အဘက်ဘက်ကချို့တဲ့ရှာသော ဆင်းရဲနွမ်းပါးသူတွေ ရှိသည်။
လူဟူ၍ ဖြစ်တည်ရှင်သန်လာပြီး လူမှုဆက် ဆံရေးနယ်ပယ်တွင် ကျင်လည်ရသောအခါ ချမ်းသာကြွယ်ဝသူ
တွေနှင့် တွေ့ကြုံဆက်ဆံရသည်တို့ ရှိကောင်း ရှိလိမ့်မည်ဖြစ်သလို ဆင်းရဲနွမ်းပါးသူတွေနှင့်လည်း တွေ့ ကြုံဆက်ဆံရပါလိမ့်မည်။ အကြောင်းအားလျော်စွာ ရာထူးဂုဏ်ရှိန်မြင့်မားသူတွေနှင့် ကြုံဆုံဆက်ဆံရသည် တို့ ရှိကောင်းရှိလိမ့်မည်ဖြစ်သလို ရာထူးဂုဏ်ဒြပ်မဲ့ အညတြတွေနှင့်လည်း တွေ့ကြုံဆက်ဆံရပေလိမ့်မည်။ ပညာတတ်သူတွေနှင့် အကြောင်းအားလျော်စွာ ထိတွေ့ ဆက်ဆံရသည်တို့ ရှိကောင်းရှိမည်ဖြစ်သလို ပညာမ တတ်သူတွေနှင့်လည်း တွေ့ထိဆက်ဆံရပေလိမ့်မည်။
လူမှုဆက်ဆံရေးနယ်ပယ်တွင် မိမိနှင့်ထိတွေ့ဆက် ဆံရသူများတွင် မိမိထက်ပိုမို၍ ချမ်းသာကြွယ်ဝသူတွေ
နှင့် ဆက်ဆံရသည် တို့ရှိသကဲ့သို့ မိမိလောက်ပင် ဥစ္စာဓနမရှိရှာ သူတွေနှင့်လည်း ဆက်ဆံရပေလိမ့်မည်။ မိမိထက် ပညာရည် အဆင့်အတန်း မြင့်မားသူတွေနှင့် ထိတွေ့ကြုံဆုံရသကဲ့သို့ မိမိလောက်ပင် ပညာမ တတ်သူတွေ နှင့်လည်း ထိတွေ့ဆက်ဆံ ရပေလိမ့်မည်။ မိမိထက်လူနေမှုအဆင့်အတန်း မြင့်မားသူ တွေ
နှင့်ဆက်ဆံရသည် တို့ရှိသကဲ့သို့ မိမိလောက်ပင် လူနေ မှုအဆင့်အတန်းမမြင့်မားသူတွေနှင့်လည်း ဆက် ဆံရပေလိမ့် မည်။
ဥပဓိရုပ်အနေဖြင့်လည်း မိမိထက် ခန့်ညားလှပတင့် တယ်သူတွေနှင့် ဆက်ဆံပြောဆိုရသဲ့သို့ မိမိလောက် ပင် ဥပဓိ ရုပ်ရည်အဆင့်အတန်းမရှိသူတွေနှင့် ဆက်ဆံပြောဆိုရပေ လိမ့်မည်။
ဤသို့ လူမှုဆက်ဆံရေးနယ်ပယ်တွင် မိမိထက် ချမ်းသာကြွယ်ဝသူ ဂုဏ်ရှိန်မြင့်မားသူ၊ ပညာရည်မြင့်မားသူ တို့နှင့် ဆက်ဆံရသောအခါ များသောအားဖြင့် ထိုပုဂ္ဂိုလ်များ အပေါ် ရိုရိုသေသေ လေးလေးစားစား ဆက် ဆံပြောဆိုတတ် ကြပါသည်။ အချို့သူတွေဆိုလျှင် ရာထူးမြင့်မားသူ၊ ချမ်းသာ ကြွယ်ဝသူတွေအပေါ် မျက်
နှာချိုသွေး၊ အလိုလိုက်၊ အကြိုက် ဆောင်တတ်ကြပါသည်။ ဓနဥစ္စာ၊ ပညာရည်အဆင့်၊ လူနေ မှုအဆင့် မိမိအောက်များစွာ နိမ့်ပါးချို့ငဲ့သူတို့နှင့် ပြောဆိုဆက် ဆံသောအခါ အပေါ်စီးမှ မောက်မောက်မာမာ မတူမ တန်သ လို ပြောဆိုဆက်ဆံတတ်ကြပါသည်။ စိတ်ရင်းကောင်းပြီး စိတ် ကောင်းမွေးသူ၊ ဥာဏ်ပညာအဆင့် အတန်းရှိသူတွေကမူ ဤ သို့ လူလူချင်း မတူမတန်ရိုင်းပျသော ဆက်ဆံပြောဆိုမှုမျိုးကို မပြုတတ်ပါလေ။
စင်စစ် ဤလောက တွင် ချမ်းသာကြွယ်ဝသူဦးရေ ထက် ဆင်းရဲနွမ်းပါးသူဦးရေ က မနှိုင်းယှဉ်သာအောင် များ ပြားလှပါသည်။ ရာထူးဂုဏ်ရှိန် မြင့်မားသူဦးရေထက် ရာထူး ဂုဏ်ရှိန်မဲ့သူဦးရေက မနှိုင်း ယှဉ်သာ
အောင် များပြားလှပါ သည်။ ပညာတတ်ဦးရေထက် ပညာမတတ်သူဦးရေက ပို၍များပြားလှပါသည်။ ကျော်
ကြားထင်ရှားသူ ဦးရေထက် အညတြဦးရေက မနှိုင်းယှဉ် သာအောင် များပြားလှပါသည်။ သို့ဖြစ်လေရာ လူသားတစ် ယောက်အနေဖြင့် မိမိလောက်ပင် ပစ္စည်းဥစ္စာမပြည့်စုံသော ဆင်းရဲနွမ်းပါးသူများနှင့်လည်း ပတ်သက်ဆက်ဆံရတတ်ပါ ၏။ မိမိလောက်ပင် ပညာမတတ်သူတွေ၊ ရုပ်ဆင်းအင်္ဂါမတင့် တယ်မလှပ သူတွေနှင့် ပတ်သက်ဆက်ဆံရတတ်ပါ၏။
နှလုံးသွင်းမကောင်းသူများသည် ဆင်းရဲနွမ်းပါးသူ များအပေါ် အထင်သေးတတ်၏။ လူနေမှုအဆင့် အလွန် နိမ့် ပါးသူများအပေါ် အထင်သေးတတ်၏။ ပညာမတတ်သူများ အပေါ် အထင်သေးတတ်၏။ ရုပ်ဆင်းအင်္ဂါ မတင့်တယ် အ ကျည်းတန်သူများအပေါ် အထင်သေးတတ်၏။ သူတစ်ပါး အပေါ် အထင်သေးခြင်းဟူသော သဘောထားအပေါ် အခြေခံ ဖြစ်ထွန်းလာသော ဆက်ဆံရေးသည် မနူးညံ့တော့။ မသိမ် မွေ့တော့။ အထက်စီးလေသံ၊ အထက်စီးဟန်ပန်တို့သာ လွှမ်း ခြုံကာ တစ်ဖက်သူ၏စိတ်နှလုံးကို ထိခိုက်စေပါသည်။ အထင် သေးခြင်းဟူသော သဘောထားမှ မွေးဖွားဖြစ်တည်လာသော ဆက်ဆံရေးပုံသဏ္ဌာန်တွင် အကု သိုလ်ဓာတ်သာ ကြီးစိုးလွှမ်းမိုး နေပေမည်။
မိမိလောက်ပင် ဥစ္စာဓနမရှိရှာသူ၊ ဆင်းရဲနွမ်းပါး သူ၊ ပညာမတတ်သူ၊ ရုပ်ဆင်းသဏ္ဌာန် အကျည်းတန်သူတို့ နှင့် တွေ့ကြုံဆက်ဆံရသောအခါ အထက်ပါနိဒါနသံယုတ်၊ အနမ တဂ္ဂသံယုတ်၊ ဒုတိယဝဂ်လာ မြတ်စွာဘု ရား၏ အဆုံးအမ တော်ကို ဦးစွာ နှလုံးသွင်းဆင်ခြင်သတိရသင့်ပါသည်။
''မိမိသည် အစမထင်သောသံသရာတစ်ခွင်တွင် ဘဝပေါင်း အသင်္ချေအနန္တကျင်လည်ဖြတ်သန်းခဲ့ရာ မိမိ သည်လဲ ထို သူကဲ့သို့ပင် ဆင်းရဲနွမ်းပါးခဲ့ဖူးပြီ။ ထိုသူကဲ့သို့ပင် ပညာ မတတ်သူဖြစ်ခဲ့ဖူးပြီ။ ထိုသူကဲ့သို့ပင် ရုပ်ဆင်းအင်္ဂါအကျည်း တန်သူဖြစ်ခဲ့ဖူးပြီ။ ထိုသူကဲ့သို့ပင် ဂုဏ်ရှိန်မဲ့အညတြဖြစ် ခဲ့ဖူးပြီ'' ဟူ၍ ဆင်ခြင် သင့်ပါသည်။
ဤသို့နှလုံးသွင်းဆင်ခြင်လျက် ဘဝအနေ နိမ့်ပါး နွမ်းပါးချို့ငဲ့သူတို့အပေါ် အထင်သေးအမြင်သေးဖြစ် မည့်အစား ကရုဏာဖြင့် နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ဆက်ဆံသင့် ပါသည်။ မေတ္တာအရင်းခံလျက် ခင်ခင်မင်မင် ဆက်ဆံသင့်ပါ သည်။ ထိုသူတို့အပေါ်ပြုသော ကာယကံမှု၌လည်းကောင်း၊ ဝစီကံမှု၌ လည်းကောင်း၊ မနောကံမှု၌လည်းကောင်း၊ မေတ္တာ ဓာတ်၊ ကရုဏာဓာတ်တို့သာ စွတ်စိုလွှမ်းခြုံနေသင့်ပါ ၏။
အမှန်တော့ ဆင်းရဲနွမ်းပါးခြင်းသည် အထင်သေး စရာမဟုတ်ပါ။ ပညာရည်အဆင့်အတန်း နိမ့်ပါးခြင်းသည် အထင်သေးစရာမဟုတ်ပါ။ လူနေမှုအဆင့်အတန်းနိမ့်ကျခြင်း သည် အထင်သေးစရာမဟုတ်ပါ။ မပြည့်စုံ
သော၊ နွမ်းပါးချို့ငဲ့ သော ဘဝအနေအထားများအားလုံးသည် အထင်သေးစရာ မဟုတ်ပါ။ ထောက်ထားစာ နာသင့်သော အရာသာဖြစ်ပါ၏။
ဘဝအနေနိမ့်ပါးဆင်းရဲသူ အညတြများအပေါ် အထင်သေးစိတ်ဖြင့် အပေါ်စီးမှ မောက်မောက်မာမာဆက် ဆံမည့်အစား ကရုဏာထား သင့်ပါသည်။ မေတ္တာထားသင့် ပါသည်။ မိမိ၏အပေါ်စီးမှ မတူ မတန် ဆက် ဆံပြောဆိုပြုမူမှု များကြောင့် ဘဝတွင် မောပန်း နွမ်းနယ်သူများ၏ စိတ်နှလုံး ကို ပိုမို၍ဖိစီးလေးပင်မှု မဖြစ်
စေသင့်ပါ။ မိမိ၏အပြောအ ဆို၊အပြုအမူသည် ဘဝ၏ အ ခက်အခဲ အကျပ်အတည်းများ မွန်းကျပ်ဖိစီးနေ
သောစိတ်နှ လုံးကို သက်သာရာ ရစေသင့် ပါ၏။ အနွမ်းအပန်း ပြေစေသင့်ပါ၏။
ဤလောက၌ နှလုံးလှအညတြများစွာ ရှိပါသည်။ ပြင်ပဗဟိဒ္ဓသက်သက် ရုပ်ဝတ္ထုပိုင်ဆိုင်မှုကိုသာ ကြည့် လျက် ဆင်းရဲနွမ်းပါးရှာသူများကို အထင်မသေးသင့်ပါ။ မလေးမစား မဆက်ဆံသင့်ပါ။ ရုပ်ဝတ္ထုတွင် ချို့ငဲ့ မှုရှိနေလင့်ကစား လူသည် လူသာလျှင်ဖြစ်သောကြောင့် လူကိုလူလိုပင် သဘောထားရ ပေလိမ့်မည်။ လူနေမှုအဆင့်မမြင့်သော်လည်း ကိုယ်ကျင့်သိက္ခာ မြင့်သူတွေ ရှိပါသည်။ အညတြတို့တွင် ဘဝမလှပသော် လည်း စိတ်ထားလှပသူတွေရှိပါသည်။ အပြင်ပန်းအမြင် အပေါ်ယံ ရုပ်ဝတ္ထုအလွှာတစ်ခုတည်းကိုသာ ကြည့်လျက် လူတစ်ဦးအပေါ် တန်ဖိုးဖြတ်ခြင်းမျိုး မပြုသင့်။
မပြည့်စုံသော၊ ချို့ငဲ့သော၊ ဆင်းရဲနွမ်းပါးသော ဘဝ များအပေါ် မေတ္တာပြဋ္ဌာန်းခြင်း၊ ကရုဏာ ပြဋ္ဌာန်းခြင်း သည် လက်တွေ့လူမှုဘဝ၌ ဓမ္မနှင့်အညီ နေခြင်းပင်ဖြစ်ပါသည်။ ဓမ္မနှင့်ညီညွတ်သောကံသုံးပါး၌ ကုသိုလ် ဓာတ်ထွန်းပပါ၏။ ကုသိုလ်တို့မည်သည် သူ့သဘောသူဆောင်ကာ အကောင်းတရားတွေကိုသာ ဖြစ်ပေါ်စေ ပါလိမ့်မည်။
မင်းနန် (မော်ကျွန်း)

မှတ်ချက်များ