အိမ်ရာမဲ့များကို အစားအသောက်ကျွေးသူ ဖမ်းဆီးခံရ


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဖိုတဲလော်ဒါဒေးမြို့တွင် အိမ်ရာမဲ့များကို အစားအသောက်
ကျွေးပေးဝေနေသော အသက်(၉ဝ)အရွယ် ရှိ ဒုတိယကမ္ဘာစစ်ပြန်ဟောင်း အာနိုးအက်ဘော့ဆိုသူကိုသက် ဆိုင်ရာရဲက ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

¤င်းမြို့တွင် ''ပုဂ္ဂလိကအစားအသောက်ပေး ဝေခြင်း''ကို တားမြစ်ထားသော အမိန့်ဥပဒေသစ်တစ်ရပ်ထုတ်
ပြန်ထားပြီး ရဲဘက်မှ အဆိုပါဥပဒေချိုးဖောက် မှုနှင့် မစ္စတာအာနိုးကို ယခင်ကသုံးကြိမ်သတိပေးခဲ့ဖူးသည်။
ဥပဒေချိုးဖောက်မှု ပြစ်ဒဏ်အနေနှင့် ဒဏ် ကြေးငွေ အမေရိကန်ဒေါ်လာငါးရာနှင့် အမြင့်ဆုံး ရက် ပေါင်း ၆ဝ အထိ ထောင်ဒဏ်ချခွင့်ရှိကြောင်း သိရ သည်။

အာနိုးက ယခုကဲ့သို့ အိမ်ရာမဲ့များကို ကျွေးမွေးနေသည်မှာ ၁၉၉၁ခုနှစ်က မော်တော်ယာဉ် မတော်တဆမှု
ကြောင့် သေဆုံးသွားသော ဇနီးသည် ဖြစ်သူမော်ရင်းအတွက် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားအနေနှင့်
ကျွေးမွေးနေခြင်း သာဖြစ်ကြောင်း၊ သူ့ဘဝတစ်လျှောက်လုံးတွင် အဖိ နှိပ်ခံလူတန်းစားများအတွက် တိုက်ပွဲ ဝင်လာခဲ့ကြောင်း ထို့အတွက် အိမ်ရာမဲ့များအတွက် တိုက်ပွဲဝင်ခြင်းသည် အသစ်အဆန်းတစ်ရပ်မဟုတ် ဟု နေရှင်နယ်အင်ကွိုင် ရာစာစောင်သို့ ပြောကြားသွားခဲ့သည်။

National Enquirer

မှတ်ချက်များ