ဒေါ်လာဝယ်မရ၍ သွင်းကုန်လုပ်ငန်းရှင်များ အခက်တွေ့


သွင်းကုန်လုပ်ငန်းရှင် ကြီးများမှာ အမေရိကန်ဒေါ်လာ ၀ယ်ယူ၍မရသောကြောင့် ကုန်ပစ္စည်းများတင်သွင်း ရန် အခက် အခဲကြုံနေရကြောင်း သတင်းရရှိ သည်။

‘‘မနေ့က (ဒီဇင်ဘာ ၂၆) ဆို ဒေါ်လာဝယ်လို့ မရဘူး။ ဆီသင်္ဘောတွေတောင် မထွက်နိုင် ဘူး’’ဟု ကုန်သည် စက်မှုအသင်း ချုပ် ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မက်ခရိုစီးပွားရေးတည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာစကားဝိုင်းတွင် ပြောကြားခဲ့သည်။

ဒေါ်လာဝယ်ယူ၍မရသဖြင့် ပုံမှန်အားဖြင့် တစ်ပတ်လျှင် ဆီ သင်္ဘော သုံးစီးခန့် ၀ယ်ယူတင် သွင်းနေသော် လည်း ယခုရက်ပိုင်းတွင် တစ်ပတ်လျှင် တစ်စီးသာ တင်သွင်းနေရသည့်အနေအထားဖြစ် လာကြောင်း ဆီတင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကုန်သွယ်မှု လိုငွေပြမှုမှာ ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း နှစ်စဉ်မြင့်မားလာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မြင့်တက် လာခြင်းကြောင့် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၀ယ်လိုအားမှာ သိသိသာ သာမြင့်တက်လာခဲ့သည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ငွေလဲကောင်တာများ၌ အမေရိကန် ဒေါ်လာဈေးမှာ တစ်ယူနစ်လျှင် ၀ယ်ဈေး ၁,၀၃၁ ကျပ်၊ ရောင်း ဈေး ၁,၀၃၅ ကျပ် ပေါက်သည်။

အောင်သူရ | 7day




မှတ်ချက်များ