ဂျပန်တွင် ကုန်တင်သင်္ဘောနစ်မြုပ်မှု မြန်မာတစ်ဦးသေဆုံး

ဂျပန်နိုင်ငံမြောက်ပိုင်း အာအိုမိုရီစီရင်စု ဖူကာအူရာဒေသကမ်းလွန်တွင် နစ်မြုပ်သွားသော Ming Guang သင်္ဘောပေါ်မှ သင်္ဘောသားများအား ကယ်ဆယ်နေပုံကို ဂျပန်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့မှ ထုတ်ပြန်ထားသော ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ − ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့/အေအက်ဖ်ပီ)
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောသားများအား ကယ်ဆယ်ပေးနေစဉ် (ဓာတ်ပုံ − အီးပီအေ)
ဂျပန်နိုင်ငံ၏ မြောက်ဘက်ကမ်းလွန်ဒေသ တွင် ကုန်တင် သင်္ဘောနစ်မြုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးအ ပါအ၀င် လူသုံး ဦး အသက်ဆုံးရှုံးခဲ့သည်။သင်္ဘောမနစ်မြုပ်မီ သင်္ဘော အား စွန့်ခွာသွားခဲ့သော သင်္ဘော သားဆယ်ဦးကို ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သော်လည်း မြန်မာ နိုင်ငံသား တစ်ဦးနှင့် တရုတ်နိုင်ငံ သားနှစ်ဦး သေဆုံးခဲ့သည်ဟု ဂျပန်ကမ်းရိုးတန်း အစောင့်တပ် ဖွဲ့ကပြောသည်။

ကနဦးတွင် ၎င်းတို့ကိုသတိမေ့နေသည်ဟုသာ သတ် မှတ်ထားခဲ့သော်လည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ ပြီးနောက် သေဆုံးသွားကြောင်း အတည်ပြုခဲ့သည်ဟု ကမ်းရိုးတန်းစောင့်တပ်ဖွဲ့အရာရှိ တစ်ဦးကပြော သည်။

ဟွန်ရှူးနှင့် ဟော့ကိုင်းဒိုး ကျွန်းနှစ်ခုကြား နစ်မြုပ်ခဲ့သော သင်္ဘောမှာ ကမ္ဘောဒီးယားနိုင်ငံ တွင် မှတ်ပုံတင် ထားသော Ming Guang သင်္ဘောဖြစ်ပြီး ကျန် သင်္ဘောသား အဖွဲ့ဝင်များဖြစ် သည့် တရုတ်နိုင်ငံသား ငါးဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးမှာ အခြေအနေကောင်းသည်။

7day

မှတ်ချက်များ