မီးပွိုင့် ၁ဝခုကို ထိန်းချုပ်မယ့် Control System ပါရမီလမ်းဆုံမှာ စပြီ
ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးလို့ ပြောနိုင်တဲ့ ကမ္ဘာအေး ချော်တွင်းကုန်း မီးပွိုင့်မှာ ဒေါ် လာတစ်သန်းတန်တဲ့ Central Control System ကို ဂျပန်နိုင်ငံ JICA နဲ့ ရန်ကုန်စည်ပင်တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၂ရက်နေ့မှာ စတင်ကျင့်သုံးလိုက်ပါပြီ။ မီးပွိုင့် ၁ဝကို ထိန်းချုပ်မယ့် ဒီအစီအစဉ် ယာဉ်ကြော ပိတ်တာ ဘယ်လောက်လျှော့ချနိုင်မလဲ။
ပါရမီ ချော်တွင်းကုန်း မီးပွိုင့်ကိုအခြေပြုပြီး နဝဒေး၊ ပါရမီဂန္ဓာလမ်းဆုံ၊ အင်းလျားလိတ်ရှေ့၊ ပါရမီ သစ္စာ လမ်းဆုံ၊ ကမ္ဘာအေးနဲ့ စက်မှု ၁လမ်းဆုံ၊ ပြည်လမ်းနဲ့ ပါရမီလမ်းဆုံ၊ ပါရမီ ဦးထွန်းလင်းလမ်းနဲ့ ပါရမီ နှင်းဆီ လမ်းဆုံတွေမှာ မီးပွိုင့်တစ်ခုစီ တိုးချဲ့တပ်ဆင်မှာဖြစ်သလို ပါရမီ-ဝေဇယန္တာလမ်းဆုံအပါအဝင် မီးပွိုင့် ၁ဝခု ကို အကောင်အထည်မယ်လို့ ဆိုပါတယ်။
ဒီပရောဂျက်အရ ယာဉ်ကြောပိတ်ဆို့မှုရဲ့ ၂၅ ရာခိုင်နှုန်းလောက် သက်သာသွားမယ်လို့ ရန်ကုန်စည်ပင်သာ ယာရေးကော်မတီက ဆိုပါတယ်။ မီးပွိုင့်တွေမှာ အရင်ကလို Free Way သွားလို့မရတော့ဘဲ မီးနီရင် ကွေ့ ကားရာ၊ တည့်တည့်သွားမယ့်ကားတွေပါ အကုန်ရပ်ရမှာဖြစ်သလို လူကူးမျဉ်းကြားတွေလည်း ထည့်သွား မယ်လို့ ဆိုပါတယ်။
ဒီမီးပွိုင့်စနစ် စတင်ချိန်မှာ ယာဉ်မောင်းသူတွေ စနစ်တကျ စည်းကမ်းရှိဖို့ ယာဉ်ထိန်းရဲတွေနဲ့ လေ့ကျင့်သင် ကြားသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာ မီးပွိုင့်စုစုပေါင်း ၁၆ဝကျော်ထဲက နောက်ထပ် မီးပွိုင့် ၅ဝ
လောက်Central Control System ပြုလုပ်သွားဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ