ဇနီးဖြစ်သူနှင့် စကားများ ခဲ့သည့် အမျိုးသား ကြိုးဆွဲချသေဆုံး

၈.၁.၂၀၁၅ ရက်နေ့ ၀၁၄၀ အချိန်တွင် လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊
အမှတ်(၁)ရပ်ကွက်တွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ၎င်းရပ်ကွက်နေ အသက် (၄၁)နှစ်ခန့် အမျိုးသားမှာ အမြင့်(၈)ပေခန့်ရှိ နေအိမ်ထုပ်တန်း၌ ကြိုးဆွဲချသေ ဆုံး နေသည်ကို တွေ့ရှိရပါသည်။

  ဖြစ်စဉ်အား စုံစမ်းရာ ၎င်းသည် ၀၁၂၀ အချိန်ခန့်က အရက်အလွန်အကျွံ သောက်စားပြီး နေအိမ်သို့ ပြန် လာရောက်ရှိစဉ် ဇနီးဖြစ်သူနှင့်စကားများ ခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ နှစ်အိမ်ကျော်ရှိ သေဆုံးသူ၏ မိဘများ ထံသို့ ထွက်သွားခဲ့ကြောင်း၊ ခဏအကြာ ၎င်း၏အသံအား မကြားတော့သဖြင့် ဇနီးဖြစ်သူမှ ပြန်လာကြည့်ရှု ရာကြိုးဆွဲချသေဆုံး နေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ လှိုင်သာယာမြို့မ ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၅)ဖြင့် ရေးဖွင့် ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

မှတ်ချက်များ