ရမ်ဘိုရုပ်ရှင်အသစ် ရိုက်ကူးပြီးစီးကြောင်း ကြေညာလိုက်တဲ့ Stallone


ကမ္ဘာကျော် မင်းသားကြီး Sylvester Stallone ဟာ လက်ရှိ သူရိုက်ကူးနေတဲ့ ရုပ်ရှင်တွေကို ကြေညာခဲ့ရာ မှာ ရမ်ဘိုရုပ်ရှင် အသစ်လည်း ပါဝင်ဦးမယ်လို့ သိရပါတယ်။

သူလက်ရှိ ရိုက်ကူးနေတဲ့ ရုပ်ရှင်တွေဟာ လက်ဝှေ့သမားရော့ကီဇာတ်လမ်းတွေရဲ့ ဇာတ်လမ်းအသစ် Creed နဲ့ Scarpaလို့ ခေါ်တဲ့ အက်ရှင်ကားတွေနဲ့အတူ ရမ်ဘိုရုပ်ရှင်အသစ် ဖြစ်မယ့် Rambo:Last Blood တို့ပါဝင်နေပါတယ်။

ဒီရုပ်ရှင်အသစ်တွေ ရိုက်ကူးပြီးစီးသွားတဲ့ အကြောင်းကို Stallone ဟာTwiiterမှာ ရေးသားခဲ့ရာမှာတော့ သူ့ရဲ့ ပရိသတ်တစ်ချို့က အားပေးခဲ့သလို တစ်ချို့ကတော့ ရမ်ဘိုဇာတ်လမ်းတွေ ကို ရပ်နားသင့်ပြီလို့ပြော ကြပါတယ်။

အခုထုတ်လုပ်မယ့် Rambo:Last Blood ဟာ ၅ ခုမြောက် ရမ်ဘိုဇာတ်လမ်းဖြစ်ပြီး ပထမဆုံး ဇာတ်လမ်း
ဖြစ်တဲ့ First Blood ကို ၁၉၉၂ ခုနှစ်မှာ စတင်ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။


Trend Myanmar


မှတ်ချက်များ