ရွေးကောက်ပွဲ ကျင်းပရန် ကျပ် ၄၃ ဘီလီယံကျော် သုံးစွဲမည်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် ကျင်းပမည်ဟု ကြော်ငြာထားသော ရွေးကောက်ပွဲအတွက် ကျပ် သန်းပေါင်း ၄၃၈၈၄ ( ၄၃ ဘီလီယံကျပ်) သုံးစွဲမည်ဟု သိရသည်။
၂၀၁၅- ၂၀၁၆ ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအ ရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ တင်ပြရာတွင် ပြည်ထောင်စုရွေးကော်မရှင်က ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅- ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ်သန်းပေါင်း ၅၀,၁၀၆ တောင်းခံထားပြီး ယင်းပမာဏအနက်မှ ကျပ်သန်းပေါင်း ၄၃,၈၈၄ ကို ရွေးကောက်ပွဲများအတွက် သုံးစွဲမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် မဲရုံဝန်ထမ်းများအတွက် စရိတ်၊ ချီးမြှင့်ငွေ ကိစ္စရပ်များ အတွက် ကျပ်သန်းပေါင်း ၁၆,၂၈၆၊ မဲရုံသုံးစာရေးကိရိယာ ကျပ်သန်း ၃,၉၅၁၊ မဲလက်မှတ်အပါအဝင် ပုံနှိပ် ခများအတွက် ကျပ်သန်း ၇,၂၉၂ နှင့် မဲဆန္ဒရှင် ပညာပေးရေးလုပ်ငန်းများ အတွက် ကျပ်သန်း ၁,၆၆၅ အပါ အဝင် ကျပ်သန်းပေါင်း ၄၃,၈၈၄ (၄၃ ဘီလီယံကျပ်) သုံးစွဲမည် ဖြစ်သည်။
ဝင်းကိုကိုလတ် | mizzima

မှတ်ချက်များ