တရားမ၀င် အမိုနီယမ်နိုက်ထရိတ်နှင့် အခြားပစ္စည်းများ သယ်ယူသည့် အရာရှိ၊ စစ်သည် အားအရေးယူ
နောင်ချို အေးရှားဝေါလ်ဂိတ်တွင် ဇန်နဝါရီ ၂၃ ရက် ည ၉ နာရီခန့်က Mobile Team အဖွဲ့နှင့် လုံခြုံရေး ပူးပေါင်းအဖွဲ့တို့က သတင်းအရ မူဆယ်မှ လားရှိုးဘက်သို့ ထွက်ခွာလာ သောယာဉ်များကို ရှောင်တခင် စစ်ဆေးခဲ့ရာ ဗိုလ်ကြီးဟိန်းသီဟဇော် နှင့် တပ်ကြပ်ကြီးသူရအောင်တို့နှစ်ဦး လိုက်ပါလာသည့် ၂၂ ဘီးနောက်တွဲ ယာဉ် ၁၄ စီးနှင့် ၁၂ ဘီးယာဉ် သုံးစီး စုစုပေါင်း ၁၇ စီးပါ ယာဉ်တန်းအား တရားမဝင် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်နှင့် အခြား ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သည်။
ဖြစ်စဉ်တွင် ဗိုလ်ကြီးဟိန်းသီဟ ဇော်နှင့် တပ်ကြပ်ကြီးသူရအောင် တို့သည် ၄င်းတို့အား တာဝန်ပေးစေ ခိုင်းထားခြင်းမပြုသော တပ်မတော် စက်မှုကုန်ကြမ်း(Optical Glass) တင်သွင်းသယ်ယူခွင့်MI Form အား မူဆယ်နယ်စပ်ဒေသ အောက်ခြေတွင် မသမာသော နည်းလမ်းအသုံးပြု၍ လုပ်ငန်းနှင့် ပတ်သက်မှုမရှိသော အမိုနီယမ်နိုက်ထရိတ် ၉၈၈၁ အိတ် နှင့် အခြားပစ္စည်းများအား တရား မဝင် သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပဏာမဖော်ထုတ်သိရှိရသဖြင့် ၄င်းတို့ နှစ်ဦးအား စစ်စည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်
ဖြစ်ကြောင်း သိရသည်။
The Mirror Daily

မှတ်ချက်များ