ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် မြန်မာအစိုးရကို တိုက်ဖို့ ပြန်လာပြီ

ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ အဓိကမဟာမိတ်အဖွဲ့တစ်ခုဖြစ်သော KIA အဖွဲ့အပေါ် မြန်မာ့တပ်မတော်က တိုက်ခိုက်နေသည်ကို လက်မခံနိုင်သော ကြောင့် ကိုးကန့်အဖွဲ့သည်လည်း မြန်မာအစိုးရ အား ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ် သွားတော့မည်ဟု အဖွဲ့ခေါင်းဆောင် ဖုန်ကြား ရှင်က Global Times နှင့် သီးသန့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားလိုက်ရာ . . .

ပြီးခဲ့သောငါးနှစ်တာကာလအတွင်း ကိုးကန့်အထူးဒေသတွင် တိုက်ပွဲသံများလျော့နည်းခဲ့သော်လည်း ယခု အခါ ဖုန်ကြားရှင်ခေါင်း ဆောင်သော ကိုး ကန့်အဖွဲ့သည် မြန်မာ တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ် ပွားရန် ဦးလှည့် လာနေပြီဖြစ်သည်။

Global Times နှင့် အင်တာဗျူးသည် အသက်၈၄နှစ်အရွယ်ရှိ ဖုန်ကြားရှင်၏ ပြီးခဲ့သောငါးနှစ်တာကာလအ တွင်း သတင်းမီဒီယာတစ်ခုနှင့် ပထမဆုံးအကြိမ် ပြန်လည်လက်ခံတွေ့ဆုံသော အင်တာဗျူးတစ်ခုဟု ဆိုနိုင်သည်။

ယခင်က သူသည် ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော People's Daily သတင်းဌာနဖြင့်သာ လက် ခံတွေ့ ဆုံလေ့ရှိသည်။ လွန်ခဲ့သော သီတင်းပတ် အနည်းငယ်က KIA တပ်စခန်းကို မြန်မာ့တပ်မတော်မှ လက် နက်ကြီးများ ပစ်ခတ်ခဲ့ရာ ထိုစခန်းတွင် စစ်သင်တန်း တက်ရောက်နေသည့် ဗိုလ်လောင်း ၂၃ဦးသေဆုံး ခဲ့ပြီး ၁၆ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဖုန်ကြားရှင်နှင့် သူ၏သားတို့သည် ကိုးကန့် ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (Kokang's National Democratic Alliance Army) ကို ဦးဆောင်ပြီး
မြန်မာ့တပ်မတော်နှင့် ပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန် လုပ်ဆောင်လာခြင်းသည်။

သတင်းမီဒီယာများနှင့် ငါးနှစ်တာမျှ လုံးဝထိတွေ့ဆက် ဆံခြင်းမပြုလုပ်ခဲ့သော ဖုန်ကြားရှင်သည် ယခုပ ထမဆုံးအင်တာ ဗျူးတွင် မြန်မာ့တပ်မတော်သည် ၄င်း၏ နယ်နိမိတ်ချင်းထိစပ်နေ သည့် အိမ်နီးချင်း KIA အဖွဲ့အား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲလုပ်ရန် ဒီဇင်ဘာ ၂၁မှ ၂၃ရက်အထိ ကြိုတင်စီစဉ်ထားသည့် ကြားကပင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒီ ဇင်ဘာ ၉ရက်မှ ၁၃ရက်အတွင်း မြန်မာစစ်သား တစ်ရာဝန်းကျင်ခန့်ကို KIA သတ်ဖြတ်ခဲ့ ကြောင်းနှင့် KIA တပ်သားသစ် တစ်ထောင်ကျော် စုဆောင်း ခဲ့ကြောင်း သူက ဆက်ပြော
ပြသည်။

ပြီးခဲ့သောရက်သတ္တ ပတ်တွင် မျက်မှောက်ထိပ် တန်း တိုင်းရင်းသား ခေါင်းဆောင်များ မပါဘဲ အခြား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရသည် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့သလို ဒီဇင်ဘာ၂၈ညနေပိုင်းမှာပင် နှစ်ဖက် တိုက်ခိုက်မှုများ ပြန်လည် စတင်ခဲ့သည်။

''ကိုးကန့်ဒေသကို ပြန်ရတဲ့ အချိန်အထိတိုင်အောင် မြန်မာ အစိုးရကို ကျွန်တော်တို့ ဆက် တိုက်သွားမှာပဲ''
ဟု မန်ဒရင်း စကားကို ယူနန်လေယူလေသိမ်း ဖြင့် ပြောဆိုတတ်သည့် တရုတ်နွယ်ဖွား ဖုန်ကြားရှင် ကပြောသည်။

ကိုးကန့်သည် တရုတ် ပြည်အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ် အရှေ့ပိုင်း မြန်မာ-တရုတ် နယ်စပ်မြို့ တစ်မြို့ဖြစ်သလို မြန်မာ-တရုတ် ဆက်ဆံရေးအတွက် အလွန်အရေးပါသည့် သမိုင်းဝင် ဒေသတစ်ခုဖြစ် သည်။ ယင်းဒေသသည် ၁၉၈၉ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုအောက်တွင် ရှိ နေပြီး၊ ယင်းကာလနောက်ပိုင်းအချိန်မှသာ အထူးဒေသ တစ်ခုအဖြစ် သီးခြား ရပ်တည်နိုင်ခဲ့သည်။

သူ၏မဟာမိတ်အဖွဲ့သည် နယ်မြေကျွမ်းကျင်မှု ကို အခွင့်ကောင်းယူပြီး ရန်သူကို ပြောက်ကျားစစ်ဆင် ရေး မဟာဗျူဟာဖြင့် တိုက်ခိုက်နေကြောင်း ဖုန်ကြားရှင် က ဆိုသည်။ ထို့ပြင် တော်လှန်ရေး အင်အားစုများသည် အစိုးရတပ်ဖွဲ့နှင့် လက်နက်အင်အား၊ လူအင်အား ကွာ ဟချက်ကြောင့် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်ခြင်းမျိုး မပြု လုပ်ကြောင်း၊ သူတို့၏ တပ်ဖွဲ့ဝင်များမှာလည်း ပျမ်းမျှ အသက် ၂ဝခန့်သာရှိပြီး မြေပြင်တိုက်ခိုက်ရေး အတွေ့ အကြုံများလည်း မရှိကြောင်း၊ ထို့ကြောင့် စစ်ဆင်ရေး တွင် မဟာဗျူဟာအပိုင်းကိုသာ အဓိက အလေးထားရ ကြောင်း ဖုန်က ဆက်လက်ရှင်းပြသည်။

ပြီးခဲ့သောငါးနှစ်တာကာလအတွင်း သူနှင့်ပတ် သက်၍ ဖြစ်ပေါ်ခဲ့သော ကောလာဟလများကိုလည်း ဖုန်ကြားရှင်က ငြင်းဆိုခဲ့သည်။ သူ ကျန်းမာရေး ချွတ်ယွင်း၍ သေဆုံးသွားပြီဖြစ်ကြောင်း၊ ပြည်ပြေး ဘဝအဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြောင်း၊ မြန်မာအစိုးရထံတွင် လွတ်ငြိမ်းချမ်းသာခွင့်ယူပြီး ပင်စင်ထောက်ပံ့ငွေဖြင့် နေ ထိုင်နေကြောင်း စသည့်ကောလာဟလတို့ဖြစ်သည်။

အမှန်စင်စစ် ၂ဝဝ၉ခုနှစ် သြဂုတ်လတွင် ကိုးကန့် ဒေသ၌ဖြစ်ပွားခဲ့သော သူနှင့်မြန်မာအစိုးရအပေါ် သြဇာ ခံသော သူ၏ပြိုင်ဘက်များအကြား ပဋိပက္ခတိုက်ခိုက် မှုများကြောင့် သူသည် ထိုင်းနိုင်ငံသို့ ခေတ္တတိမ်းရှောင်
ခဲ့ရခြင်း ဖြစ်သည်။ နောက်တစ်နှစ်တွင် သူသည် ပြင်း ပြင်းထန်ထန် နေမကောင်းဖြစ်ပြီးလမ်းလည်းကောင်း
စွာလျှောက်နိုင်ခြင်း မရှိတော့ပေ။

ထိုအဆိုးရွားဆုံး ကာလများကိုကျော်ဖြတ်ပြီးချိန်တွင် သူသည် ကောင်းစွာ အသက်ရှင်နေထိုင်နိုင်ခဲ့ပုံကို ''ငါ့အတွက် အနာဂတ်အစီအစဉ်တွေ ဘုရားက စီစဉ်ပေးထားတုန်းပဲ'' ဟု ဖုန်က ပြောပြသည်။

၂ဝ၁၂ခုနှစ်တွင် ဖုန်ကြားရှင်သည် မြန်မာ နိုင်ငံမြောက်ပိုင်းရှိ ကချင်တပ်ဖွဲ့ဌာနချုပ်သို့ လာ ရောက်ခဲ့ရာ ဒေ သခံခေါင်းဆောင်များကို အံ့အားသင့်စေခဲ့သည်။ ထိုကာလသည် လက်နက်ကိုင်အဖွဲ့ များ၏ တော်လှန်ရေး
ပြန်စသည့်ကာလဟု ဆိုနိုင်သည်။ သူ၏အဓိက မဟာမိတ်လက်နက်ကိုင်အဖွဲ့သည် ယခုအခါ တပ်စခန်း
ပေါင်း ၁၄ခုအထိ တည်ဆောက် ထားနိုင်ပြီး အခြားတော်လှန်ရေးအင်အားစုများနှင့်လည်း ဆက်ဆံရေး
ကောင်းမွန်နေသည်။ ယခုအခါ သူတို့၏လက်နက်တိုက်တွင် အမြောက်နှင့် ဒုံးကျည် များစွာ ပိုင်ဆိုင်ထား သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများက မြန်မာ အစိုးရအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ၄င်း၏ သဘော ထား ပြင်လွယ်ပြောင်းလွယ်ရန် မျှော်လင့်နေကြ သည်။

တချို့နိုင်ငံရေး အစွန်းရောက်များကလည်း မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက် ကိုင်များအ တွက် Crimea-Style (ခရိုင်းမီးယား ပုံစံ)ကို အတုယူပြီး လူထုဆန္ဒခံယူပွဲကတစ်ဆင့် မြန်မာပြည်မြောက် ပိုင်းကို သီးခြား လွတ်လပ်သော အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခု(သို့) တရုတ် နိုင်ငံ၏ အစိတ်အ ပိုင်းတစ်ခုအဖြစ် သွတ်သွင်းရန် အကြံပြုခဲ့ကြသည်။

မြန်မာအစိုးရအနေဖြင့် လက်ရှိအကျပ်အတည်း ကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးရေး လမ်းစဉ် တစ်ခု သာရှိကြောင်း ဖုန်ကြားရှင်က ဆိုသည်။ ထို့ ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကီလိုမီတာ ၂၁၈၅ အရှည်မျှ နယ်နိမိတ်ချင်း ထိစပ်နေရာ ယခု ပြဿနာကို အသုံးချပြီး တရုတ်နိုင်ငံသည် သြဇာ လွှမ်းမိုးမှုများ ပို၍ပြုလုပ်လာနိုင်မည်ဟု မျှော်လင့် ရကြောင်း သူက ဆက်ပြောသည်။

မြန်မာတိုင်းရင်းသား အများစုသည် ဆယ်စု နှစ်ပေါင်းများစွာ အစိုးရအား တော်လှန်တိုက်ခိုက် ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဗြိတိသျှ အစိုးရထံမှ လွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ တင်ပြီး မြန်မာနိုင်ငံ တွင် ဖက်ဒရယ်စနစ် ပေါ်ပေါက် ရန် တိုင်းရင်းသားများက ကြိုးပမ်းခဲ့ကြသည်။ မြန်မာ စစ်အစိုးရ အဆက် ဆက်သည် တိုင်းရင်းသားတို့ အား ဖက်ဒရယ်စနစ်ကြောင့် ခွဲထွက်သွားကြမည် ဟူသည့် အမြင်မျိုးဖြင့် ခုခံပြောဆိုခဲ့ပြီး ဗဟိုထိန်း ချုပ်စနစ်ကိုသာ ကျင့်သုံးခဲ့သည်။

တွေ့ဆုံဆွေးနွေးရေးဟူသည့် ဦးတည်ချက် ပန်းတိုင် ပျက်ပြယ် မသွားရန်ကာကွယ်ရင်း အစိုးရ နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်ပွားနေခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာလတွင် ငါးရက်တာ တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်နိုင်ခဲ့သော်လည်း အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးအတွက် သဘောတူ စာချုပ် ချုပ် ဆိုနိုင်ခဲ့ခြင်း မရှိခဲ့ပါ။


Want China Times အွန်လိုင်းစာမျက်နှာ တွင်ဖော်ပြပါရှိသည့် Kokang Chief Pheung Kya-shin Returns of Fight Myanmar Government ဆောင်းပါးအား ဆီလျော်အောင် မင်းညီမှ ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်။
TheYangonTimes‬

မှတ်ချက်များ