အဲအေးရှားလေယာဉ်ပျက် ဆယ်ယူရေး အခက်အခဲများ ကြုံနေရဟုဆို
အဲအေးရှား လေယာဉ်ပျက်ကို ရေအောက်မှ ဆယ်တင်ရာတွင် အခက်အခဲများစွာ ကြုံနေရကြောင်း အင်ဒိုနီး ရှားမှ ဆယ်ယူရေးအဖွဲ့ တာဝန်ရှိသူများက ဝန်ခံ ပြောကြားခဲ့သည်။
ရေအောက်တွင် နစ်မြုပ်နေသည့် လေယာဉ်ကိုယ်ထည်ပျက်ကို ဆယ်တင်နေစဉ် ဇန်နဝါရီ ၂၅ ရက်က ပြန်လည် ပြုတ်ကျခဲ့ကြောင်း သိရသည်။ ထို့အပြင် ရာသီဥတုကလည်း အချိန်တိုင်း လျင်မြန်စွာ ပြောင်း လဲနေခြင်းက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို အခက်တွေ့စေကြောင်း ဆယ်ယူရေး ကဏ္ဍကို ကြီး ကျပ်နေသည့် နောက်တန်း ရေတပ် သေနာပတိ ဝီဒိုဒိုက AFP သို့ ပြောကြားခဲ့သည်။
အဲအေးရှား လေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် QZ8501 လေယာဉ်သည် ဒီဇင်ဘာ ၂၈ ရက်က ဂျာဗား ပင်လယ်အတွင်း ပျက်ကျခဲ့ပြီး လိုက်ပါလာသူ (၁၆၂)ဦးစလုံး သေဆုံးခဲ့သည်။ အဆိုပါ လေယာဉ်သည် ရေအနက် မီတာ(၃၀)မျှတွင် နစ်မြုပ်နေပြီး ကိုယ်ထည်တစ်ခုလုံးကို ဆွဲတင်ခြင်းဖြင့် အလောင်းများ စု
ဆောင်းရယူရာတွင် ပိုမိုလွယ်ကူမည်ဟု ကယ်ဆယ်ရေး အဖွဲ့များက ယူဆထားသည်။
“လေယာဉ်ကိုယ်ထည်ကို ကြွတက်လာအောင်တော့ လုပ်နိုင်ခဲ့တယ်။ သင်္ဘောနဲ့ ဆွဲမလို့ ပြင်ဆင်နေချိန်မှာ ကြိုးက ပြတ်တောက်သွားပါတယ်။ အဲဒါကလည်း ရာသီဥတု အခြေအနေ အရမ်းဆိုးရွားလွန်းတာကြောင့် ပါ”ဟု ဝီဒိုဒိုက ဆိုသည်။
လေယာဉ်ကိုယ်ထည် ရေထဲ ပြန်နစ်မြုပ်မသွားမီ အလောင်းတစ်လောင်းကို ရယူနိုင်ခဲ့ရာ စုစုပေါင်း ရုပ်အ
လောင်း (၇၀)ထိ ပြန်လည် ဆယ်ယူ တွေ့ရှိထားပြီဟု ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲ ဆူပရီယာဒီက ပြောကြားခဲ့သည်။
Air Bus A320-200 အမျိုးအစား လေယာဉ်သည် ဆိုးရွားသော ရာသီဥတုကို ရှောင်ကွင်းရန် ကြိုးစားရင်း ပျက်ကျခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆထားသည်။ လတ်တလောတွင် လေယာဉ်၏ Black Boxများကို ရှာဖွေ တွေ့ရှိထားပြီဖြစ်ပြီး လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။
7day

မှတ်ချက်များ