![]() |
| ဓာတ်ပုံ (ဘန်ကောက်ပိုစ့်) |
ငံစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဥဒုမ်းဒစ် ဆီတ ပုတ် က သတိပေးပြောကြားလိုက်ပါတယ်။
ဖန်းထောင်းထဲ့ရဲ့ လူမှုရေးကွန်ရက်အင်တာနက်
ပေါ်က မှတ်ချက် စကားကို ဒု ကာကွယ်ရေး ၀န် ကြီးက တုံ့ပြန်လိုက်တာ ဖြစ်တယ်လို့ ထိုင်းအခြေ စိုက်ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို အမျိုး သား ဥပဒေပြုလွှတ်တော်က စွဲဆိုခဲ့အပြီး “အသင့်ဖြစ် ပြီလား၊ အသင့်ဖြစ်ပြီလား ထိုင်းလူ ထုရေ”ဆိုတဲ့ မှတ်ချက်ကို အင်စတာဂရမ်မှာ ဖန်းထောင်းထဲက တင်ခဲ့ တာဖြစ်ပါတယ်။
ဒီမှတ်ချက်စကားနဲ့ အတူ တင်းတင်းကျပ်ကျပ်လက် သီးဆုပ်ထားတဲ့ ပုံကိုလည်း တင်ထားတာဖြစ်ပါ တယ်။
ဒါဟာ ဖန်ထောင်းထဲ့ကိုသာမက သက်ဆင်ကို ထောက်ခံတဲ့ အနီရောင်ဝတ် ခေါင်းဆောင်တွေကို ပါသတိ
ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လှုံဆော်မှုကို ဖြစ်ပေါ် ကြီးထွားစေတဲ့ ပြဿနာရှိတဲ့ မှတ်ချက်တွေကို မတင်ဖို့ ပြောဆိုလိုက်ပြီး ဥပဒေပြု လွှတ်
တော်ရဲ့ စွဲချက်ကို သင်တော်တဲ့ မှတ်ချက်တွေ ပေးဖို့ သက်ဆိုင်သူအားလုံးကို စစ်တပ်အကြီး အကဲက တောင်းဆိုပါတယ်။
ဒါအပြင် ယင်းလပ်ကို နိုင်ငံရပ်ခြားသွားရောက်ခွင့်ကို မပိတ်ပင်ထားသလို စွဲဆိုချက်အပြီး အခြေအနေဆိုး ကို ဖြစ်စေတဲ့ လက္ခဏာမတွေ့ရဘူးလို့ ပြောပါတယ်။
ကိုထွေး | DVB

မှတ်ချက်များ