၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာကျင်း ပပြုလုပ်နိုင်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းမှု
အောင်မြင်ရေး အတွက် နိုင်ငံတော်သမ္မတဦးသိန်း စိန်နှင့် နိုင်ငံရေးထိပ်သီးခေါင်း ဆောင်များ၊ တိုင်းရင်း သားရေးရာ ဝန်ကြီးများသည် ယခုလ ၁၂ ရက် တွင် နေပြည်တော်ရှိ သမ္မတအိမ် တော်၌ တွေ့ဆုံကြမည်
ဖြစ်ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် တွေ့ဆုံပွဲသို့ တက် ရောက်ရန် နိုင်ငံရေးထိပ်သီးခေါင်း ဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားခေါင်း ဆောင်များကို ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း နိုင် ငံရေး ပါတီခေါင်းဆောင်များ နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး များက ပြောသည်။
ယင်း တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်သော်လည်း မည်သည့်အ ကြောင်းအရာ များဆွေးနွေးမည် ကို မသိရှိရသေးကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင် ဦးထွန်းထွန်း ဟိန်က ဆိုသည်။
ဖိတ်စာတွင် တရားမျှတ သော ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ပြီး ညင် သာသော အသွင် ကူးပြောင်း မှု လုပ်ငန်းစဉ်များ ပေါ်ပေါက်ရေး နှင့် ကျန်ရှိသည့်ကြားကာလ၌ နိုင်ငံရေးတည်ငြိမ်မှုရရှိရေးတို့ အတွက် နိုင်ငံရေးကိစ္စများဆွေး နွေးမည်ဖြစ်ကြောင်းပါရှိသည်ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
ထို့အပြင် ဒီမိုကရေစီအသွင် ကူးပြောင်းမှုများ ဆက်လက်ဖြစ် ထွန်းစေရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံ သည့် အမျိုးသားပြန် လည်စည်းလုံးညီညွတ်ရေးဆိုင် ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင် ကျင်းပနိုင်ရေးတို့ကို ထည့်သွင်း ဆွေးနွေးမည့်အကြောင်း ၎င်းထံမှ သိရသည်။
သမ္မတ၏ ဖိတ်ကြားမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရာတွင် အကျပ်အတည်းမဖြစ်စေ ရန် တောင်း ဆိုထားသည့် ထိပ်သီး နိုင်ငံရေးခေါင်းဆောင်များတွေ့ ဆုံပွဲကို ရှောင်ရှားလိုသည့် အတွက် ယခုကဲ့သို့တွေ့ ဆုံပွဲကျင်းပ ပြုလုပ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးပါတီအများစုမှ ခေါင်း ဆောင်များက သုံးသပ်ကြသည်။
‘‘ဒီတွေ့ဆုံပွဲလုပ်တာက တော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တို့၊ လွှတ်တော် က တောင်းဆို ထားတဲ့ ခြောက်ပွင့်ဆိုင်တို့ကို ရှောင်ချင်လို့လုပ်တာပဲ။ နောက် လူတွေ့ထပ်တိုးတယ်။ လူများရင် သဘောတူညီချက်ရဖို့ခက်တယ်။ ပြောရရင် အချိန်ဆွဲထားချင်တဲ့ သဘောပဲ’’ဟု ရှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
နိုင်ငံရေးအကျပ်အတည်း များ အဖြေရှာနိုင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုလွှတ် တော်နာယကတို့နှင့် လေးပွင့်ဆိုင်
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုထားသည်။
ထို့အတူ ပြီးခဲ့သည့် နိုဝင် ဘာအတွင်းကျင်းပခဲ့သည့် ပြည် ထောင်စုလွှတ်တော်ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရာတွင် အကျပ်အတည်းမဖြစ်စေ ရန် သမ္မတ၊ ဒေါ်အောင်ဆန်းစု ကြည်၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ် တော်ဥက္ကဋ္ဌနှစ်ဦး၊ တိုင်းရင်း သား လွှတ်တော်ကိုယ်စားလှယ်တစ် ဦး၊ စုစုပေါင်း လူပုဂ္ဂိုလ်ခြောက်ဦး တို့ တွေ့ဆုံဆွေးနွေးရန် အရေး ကြီးအဆိုကို အတည်ပြုထားသည်။
လေးပွင့်ဆိုင်တောင်းဆိုမှု ဖြစ်ပေါ်လာခြင်းမရှိသဖြင့်ခြောက် ပွင့်ဆိုင်တွေ့ဆုံမှုပြုလုပ်ပေးရန် တောင်းဆိုမှု ကို ဒေါ်အောင်ဆန်း စုကြည်က သဘောတူခဲ့ပြီး ပြည် ထောင်စုလွှတ်တော်ရှိ လွှတ် တော်ကိုယ်စားလှယ် အများစုက လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ရာ၌ အကျပ်အတည်းမဖြစ်စေရန် အဓိကကျသည့် နိုင်ငံရေးခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးမှုအ မြန်ဆုံးပြုလုပ်သင့်သည်ဟု ထုတ်ဖော်
ပြောကြားထားသည်။
‘‘တွေ့ဆုံဆွေးနွေးပွဲက လူ များဖို့မလိုပါဘူး။ အဓိကကျတဲ့ သူတွေပဲ တွေ့ပြီးဆွေးနွေးဖို့လို တာပါ။ လူများရင် ပွဲမစည်ဘူး။ ရွေးကောက်ပွဲကျင်းပဖို့အချိန်က သိပ်မလိုတော့ဘူး။ ဒီကြားကာလ မှာ အခြေခံဥပဒေကိုပြင်ဖို့ က ထိပ်သီးခေါင်းဆောင်တွေတွေ့ဖို့ အမြန်လိုပါပြီ’’ဟု ရခိုင်အမျိုးသား ပါတီမှ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးအုန်းတင်က ပြောသည်။
၂၀၁၄ နိုဝင်ဘာအတွင်း မြန်မာနိုင်ငံတွင် ကျင်းပသည့် အာဆီ ယံ ထိပ်သီးအစည်းအဝေးသို့ အ မေရိကန် သမ္မတအိုဘားမား မလာရောက်မီ ရက်ပိုင်းအလို ၌ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေး ထိပ်သီးခေါင်းဆောင် များပါဝင်သည့် တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ပေးခဲ့ သော်လည်း ယင်းတွေ့ ဆုံပွဲ သည်ထင်သာမြင်သာရှိသော
နိုင်ငံရေးသဘောတူညီချက် ရရှိခဲ့ခြင်း မရှိ ပေ။
ရန်မျိုးနိုင် | 7day

မှတ်ချက်များ