၇နှစ်အရွယ်ကလေးငယ်ကို အဓ္ဓမပြုကျင့်မှုဖြင့် ၇၂အရွယ်သက်ကြားအိုအား ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်

အသက် ၇နှစ် ကလေးငယ်တဦးကို အဓမ္မ ပြုကျင့်မှုဖြင့် တရားစွဲဆိုခြင်း ခံရသူ့ အသက် ၇၂ နှစ်အရွယ် သက်ကြားအို အမျိုးသားတဦးကို ဇန်နဝါရီလ ၁၃ရက်နေ့တွင် ကော့မှုးမြို့နယ် တောင်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေး သွားမည် ဖြစ်ကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရ သည်။

"ကျူးလွန်တဲ့သူက ရပ်ကွက်ထဲမှာ အရင်ကလဲ အလားတူပြစ်မှုမျိုး ကျူးလွန်ဖူးတယ်၊ ဒါပေမယ့် သူတို့ကရှက် လို့ဆိုပြီး မတိုင်တာ၊ အမှုကလဲ ကြာပြီဆိုတော့ တရားမျှတမှုရှိရှိနဲ့ မှန်မှန်ကန်ကန်ပဲ ဖြစ်စေချင်ပါတယ်၊
 နောက်ပြီး ကိုယ်ဖြစ်သလို အခြား ကလေးတွေ မဖြစ်အောင်လို့ ပြီးဆုံးသည်အထိ တရားရင်ဆိုင်သွားမှာပါ" ဟု ကျူးလွန်ခံရသူ၏ ဖခင်ဖြစ်သူ ကိုအောင်ကျော်ဆန်းက ပြောသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက်၊ဆုတောင်းပြည့်ဘုရားလမ်းတွင် ကလေးငယ်ချင်းဆော့ကစားနေစဉ် ရွှေရင်ကျော်ဂိုဏ်းဝင်၊ ပရောဂတိုင်းရင်းဆေးဆရာ ဦးကျင်အေး(ခ)တီး လုံး အသက်(၇၂)မှ တရပ်ကွက်ထဲနေ အသက်၇နှစ်အရွယ် မ****အား ဖြားယောင်းသွေးဆောင်၍ အဓ္ဓမ
ပြုကျင့်ခဲ့ပြီး၊ အဆိုပါ အခြေအနေကိုသိရှိခဲ့သည့် ကလေးငယ်ချင်း ပြောဆိုနေရာမှတဆင့် မိသားစုဝင်များက သိရှိခဲ့ပြီး ၂၀၁၄ မေ ၁၄ရက်နေ့တွင် ကော့မှူးမြို့နယ်ရဲစခန်းတွင် အမှူဖွင့်လှစ်တိုင်တန်းခဲ့ကြောင်း သိရ သည်။

အမှူသက်တမ်း ၇လကျော်အကြာတွင် တရားလိုပြသက်သေများအား စစ်ဆေးခဲ့ပြီး၊၂၀၁၅ ဇန်နဝါရီလ ၁၃ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြစ်မှုကျူးးလွန်သူဟု စွပ်စွဲခံရသူကို စတင်စစ်ဆေးသွားမည်ဖြစ်
ကြောင်းသိရသည်။

ယခုအမှုအား ရုံတင်စစ်ဆေးရန် မည်သည့်အကြောင်းကြောင့် ၇လခန့် ကြာမြင့်နေခဲ့သည်ကို မသိရသေး
သော်လည်း ယမန်နှစ် ဒီဇင်ဘာလက ကျိုက်ထီးရိုးတွင် ပီရူးနိုင်ငံသူတဦးအား အဓ္ဓမပြုကျင့်ခဲ့သည့် တရား ခံကို ၁ လအတွင်း ရုံးတင်စစ်ဆေးပြီး ဇန်နဝါရီလ ၇ ရက်က ထောင်ဒဏ် ၄၃နှစ် ချမှတ်ခဲ့ကြောင်း သိရ သည်။

သူရမင်းဇော် | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ