ဓားစာခံ ဖမ်းထားတဲ့ ၂ နေရာစလုံးကို ပြင်သစ်ရဲတွေ ၀င်စီး
ပြင်သစ် နိုင်ငံမှာ ဓားစာခံတွေ ဖမ်းဆီး ခံထားရတဲ့ နေရာ နှစ်နေရာ စလုံးကို ပြင်သစ် အထူးရဲတွေက ဝင်ရောက် ရှင်းလင်း ခဲ့ပါတယ်။
နိုင်ငံ မြောက်ပိုင်း ဒါမာတန် မြို့က ပုံနှိပ်လုပ်ငန်း ဂိုဒေါင်ကို ဝင်ရောက် စီးနင်းရာမှာ မဂ္ဂဇင်းတိုက်ကို ပစ်ခတ် ခဲ့သူတွေလို့ သံသယရှိတဲ့ သေနတ်သမား ညီအစ်ကို နှစ်ယောက်စလုံးကို အသေ ဖမ်းမိခဲ့ပါတယ်။
သူတို့တွေ ဖမ်းဆီး ထားခဲ့တဲ့ ဓားစာခံကတော့ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
မရှေးမနှောင်းမှာပဲ ဓားစာခံတွေ ဖမ်းဆီး ခံထားရတဲ့ နောက်တစ်နေရာ ဖြစ်တဲ့ ပဲရစ်မြို့ အရှေ့ပိုင်းက စူပါ မားကတ် ကိုလည်း ပြင်သစ် ရဲတွေက ဝင်ရောက် ရှင်းလင်းရာမှာ သေနတ်သမားကို အသေ ဖမ်းမိခဲ့ပါ တယ်။
အဲဒီ စူပါမားကတ်မှာ အဖမ်းခံထားရတဲ့ ဓားစာခံ အနည်းဆုံး ၄ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
BBC




မှတ်ချက်များ