အကယ်ဒမီ ခိုင်သင်းကြည်၏ သမီးလေး စံထိပ်ထားဦး ဂီတအနုပညာဘက်ကို ဝါသနာကြီးကြောင်းဆို

အကယ်ဒမီခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီး စံထိပ်ထားဦးက ဂီတကိုဝါသနာပါပြီး အခုဆိုရင် သမီးဖြစ်သူက စန္ဒရားတီးသင်တန်းကိုလည်းတက်ဖြစ်နေပြီး အင် တာနေရှင်နယ် ဂီတနုတ်နဲ့တီးခတ် တတ်အောင် လေ့ကျင့်သင်ကြားနေကြောင်းလည်း သိရပါတယ်။ သမီးဖြစ်သူက ဂီတဘက်ကို ပိုဝါသနာ ကြီးတယ်လို့ အကယ်ဒမီ ခိုင် သင်းကြည်က ပြောပြခဲ့ပါတယ်။

” ထိပ်ထိပ်လေးကခုဆိုရင်အစ်မနဲ့တွဲပြီး ဓာတ်ပုံတွေတော့ ရိုက်ဖြစ်တယ်။ သူကလည်း မနက်ကတည်းက ညနေထိ ကျောင်းတက်နေရတာဆိုတော့ သူကသိပ် မအားဘူး။ စန္ဒရားတီးတာလည်း သင်နေတယ်။ သူ့ရဲ့အချိန်ကမအားဘူး။ ကျောင်းစာကို စိတ်မရောက်ဘဲ ဒီဘက်ကို စိတ်ရောက်သွားမှာလည်း စိုးတယ်။ အဓိကဝါသနာပါတာက သီချင်းဆိုရတာကို ဝါသနာသိပ်ပါတယ်။

စန္ဒရားတီးမယ် သီချင်းဆိုမယ်။ အဲဒါကို သူပိုလုပ်ဖြစ်တယ်။ အိမ်မှာပဲ ၂နှစ်လောက် စန္ဒရားတီးတာ ခေါ် သင်ခဲ့တာဆိုတော့ သီချင်းတော်တော်များများကို တီးတတ်သွား တယ်။ သေသေချာချာအင်တာနေ ရှင်နယ်
နုတ်နဲ့ တီးတတ်တာမျိုးတော့ဖြစ်အောင်ထားပေးတယ်။ သူလည်း လေ့ကျင့်တယ်။ ဝါသနာပါတော့ သေ
သေချာချာ လေ့ကျင့်တယ်။ သီချင်းသီဆိုရတာကိုလည်း သူက တအားဝါသနာပါတာ။ အိမ်မှာဆို သူ့အဘိုး နားထောင်တဲ့ ဟိုးရှေးခေတ်က သီချင်းတွေလည်း သူနားထောင်တယ်။ ကြိုက်တယ်။ အမှန်တကယ်ဆို ဒီအရွယ်လေးတွေက ဒီလိုသီချင်းမျိုးတွေ ကြိုက်ကြတာတို့၊ နားထောင်တာမျိုးတို့ မရှိဘူးလေ။ သူ့ အဖေကျ
တော့ Classic မြူးဇစ်တွေကို ကြိုက်တော့ ဖွင့် တယ်။ အဲဒါကိုလည်းသူ ကြိုက်တယ်။ ရတယ်။အစ်မကတော့
ပျင်းတယ်။

ကိုယ်ကသာ ပျင်းတာသူကအကုန်ရတယ်။ သူ့အဖေထက်တောင်ရနေသေးတယ်။ အကုန်အလွတ်တွေရ
နေပြီ။ ဂီတဘက်မှာတော့ သူနားဝင်လွယ်တယ်ပြောရ မှာပေါ့။ ဂီတကိုပိုအားသန်တယ်။ အစ်မကတော့ ထိပ်ထိပ်ကလေး ဝါသနာပါလို့ သူလုပ်ရမယ်လို့ သတ်မှတ်မထားဘူး။ ဝါသနာပါစေချင်တဲ့ စိတ်လည်းမရှိပါ ဘူး။ ဒါပေမဲ့လည်း အခုလို ကိုယ်နဲ့အတူတူ သူဓာတ်ပုံလေးတွေရိုက်ဖြစ်တယ်ဆိုတော့ အမှတ်တရတော့ ရှိသွားတာပေါ့။ သူလည်းပျော်ပါတယ်။ ပရော်ဖက်ရှင်နယ်ပုံစံမျိုးတော့သူလည်း ဝါသနာပါမယ်လို့တော့ မထင်ထားဘူး။အဓိကတော့ သူမြူးဇစ်ကိုဝါသနာပါတယ်။ သူအားပြီဆိုတာနဲ့သီချင်းနား ထောင် တော့တာပဲ။ သူနဲ့သူ့အဖေကဝါသနာတူတယ်။ခုဆို စန္ဒရားတော်တော်တီးတတ်နေပြီပဲ။ သူဝါသနာပါရင်တော့ ပံ့ပိုးပေး သွားမှာပါ။ ခုဆိုလည်းသီချင်း တော်တော်များများတီးတတ်နေပြီ” လို့ ပြောပါတယ်။

သိမ့်သိမ့် | P-news


မှတ်ချက်များ