ကြီးလာရင်မော်ဒယ်လုပ်ပြီး ရှိုးလျှောက်မယ့် စစ်လွန်းဝတီထက်
၃ နှစ်ကျော်သာရှိသေးတဲ့ စစ်လွန်းဝတီထက်လေးက မိဘများဖြစ်တဲ့ ထက်ထက်မိုးဦး၊ စိုင်းလွှမ်း (ဇူးမြတ် ထက်) တို့နဲ့အတူ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေသလို လက်ရှိမှာလည်း ပြက္ခဒိန်တွေ၊ ပိုစတာတွေကို အများဆုံးရိုက်ကူးဖြစ်ရကြောင်းသိရပါတယ်။ မိဘနှစ်ပါးစလုံးရဲ့ အနုပညာသွေးတွေ စီးဆင်းနေတဲ့ စစ်လွန်း ဝတီလေးဟာ ခု အရွယ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ လှုပ်ရှားနေတာကြောင့် သူ့ရဲ့ဝါသနာကို မေး ကြည့် ဖြစ်ခဲ့တဲ့အခါ ” ခုက Nursery (မူကြို)တက်နေတာ။ ပြက္ခဒိန်တွေလည်း ရိုက်တယ်။ မေမေနဲ့ပါးပါးနဲ့ အတူ ကြော်ငြာရိုက်ထားတယ်။
ပါးပါးသီချင်းခွေထဲက မမ ဝတ်မှုံရွှေရည်နဲ့သရုပ်ဆောင်ထားတဲ့သီချင်းကိုကြိုက်တယ်။ မီးမီးက ခုသီချင်း ၄ ပုဒ်ပဲရသေးတယ်။ ဖေဖေရှုတင်သွားရင် မီးမီး ကမလိုက်ဘူး။ အသားမည်းမှာစိုးလို့။ မေမေ ကလည်းမလိုက် ခိုင်းသေးဘူး။ မူကြိုတက်နေတာ။ မီးမီးကြီးလာရင် သရုပ်ဆောင် မလုပ်ဘူး။ မော်ဒယ်လုပ်ပြီးရှိုးလျှောက်မှာ။ သီချင်းဆိုရ တာ လည်းကြိုက်တယ်ဓ လို့ စစ်လွန်းဝတီ ထက်လေးက ဖြေကြားခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်လွန်းဝတီလေးကမိဘများနဲ့ အတူ ပြည်ပကိုအလည် အပတ်ခရီး သွားနေ ပါ တယ်။
သိမ့်သိမ့် | P-news

မှတ်ချက်များ