![]() |
| အမေရိကန်နိုင်ငံတွင် ပထမဆုံးအကြိမ်ပြသမည့် မြန်မာ့ရှေးဟောင်းအနုပညာလက်ရာအချို့ (nbcnews) |
မြန်မာနိုင်ငံမှ ရှားပါးသော အနုပညာလက်ရာများကို အမေ ရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Asia Society ပြ တိုက်တွင် ပထမ ဆုံးအကြိမ် ခင်းကျင်းပြသသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ အနုပညာလက်ရာများ အမည်ရ သည့် ထိုပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ မေ ၁၀ ရက်အထိ ပြသမည်ဖြစ်ပြီး ငါးရာစုနှစ်မှ ၂၀ ရာစုအတွင်း ကျောက်ထည်၊ ကြေးထည်၊ယွန်းထည်၊ ချည်သား
နှင့် ပန်းချီ အနုပညာလက်ရာများပါဝင်သည်။ ယခုပြပွဲသည် အနုပညာနှင့် သံတမန်ရေးရာအတွက် ပြောစ မှတ်ပြုစရာပွဲတစ်ခုဖြစ်သည်ဟု Asia Society မှ အမှုဆောင်ဒါရိုက်တာ ဂျိုးဇက်ရရှန်က ပြောသည်။
ဘားမားဟု သိကြသည့် မြန်မာနိုင်ငံသည် ၁၉၄၈ အထိ ဗြိတိသျှကိုလိုနီလက်အောက်၌ ကြာရှည် စွာနေ ခဲ့ရဖူးသည်။ ထို့ကြောင့် ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်စလင်စ သည့် ကွဲပြားခြားနားသော ဘာ သာရေးယဉ်ကျေး မှုလက်ရာများ ၏ ဌာနဖြစ်သည်။ ယခုပြပွဲကမူ ဗုဒ္ဓဘာသာ၏ သြဇာသက်ရောက်မှုကို ပြသနေသည်ဟု Asia Societyဥက္ကဋ္ဌ သြစတြေးလျဝန်ကြီးချုပ်ဟောင်းကေဗင်ရဒ်ကဆိုသည်။
၂၀၁၂ ကတည်းက ထိုပြပွဲ ပြသခွင့်ရရန် Asia Society အာရှအနုပညာတာဝန်ခံ အန်ဒရီယာနာပရိုဆာနှင့် အဖွဲ့က မြန်မာနိုင်ငံမှ သက်ဆိုင်သူများနှင့် ပူးပေါင်းကြိုးပမ်းခဲ့သည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းပစ္စည်းအ များအပြားမှာ ပျောက်ဆုံးမှုနှင့် ပြန်မရဘဲရှိနေရာ စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။
ပရိုဆာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်အတွင်း သုံးကြိမ်သွားရောက်ပြီး ပြပွဲပြသရန် စာချုပ် ချုပ်ဆိုနိုင်ခဲ့ သည်။
‘‘ကျွန်မက လူတွေကို မြန်မာက တကယ့်နက်နဲတဲ့ အံ့သြစရာ ကောင်းတဲ့ ရိုးရာယဉ်ကျေးမှုတွေ ကို မြင်စေ ချင်တာပါ။ လူအတော် များများက အထီးကျန်တဲ့နေရာ က လူတွေဆီက ယဉ်ကျေးမှုတွေ က နည်းနည်းပဲ တိုးတက်ဖြစ်ထွန်း မယ်လို့ ထင်ကြတယ်။ တကယ် တမ်းမှာတော့ ရာစုနှစ်များစွာ တ ကယ့်ကို ဖြစ်ပေါ်တိုး တက်နေတဲ့ တခြားအရာတွေလည်း ရှိပါတယ်။ပြပွဲက အဲဒီအကြောင်းကို ကောင်းကောင်း သရုပ်ဖော်ပြထား ပါတယ်’’။
အဆိုပါပြပွဲ ပြသနေစဉ်အတွင်း Asia Society က ကြီးမှူး၍မြန်မာ့ယဉ်ကျေးမှု မူဝါဒနှင့် တိုးတက်မှုများကို အသားပေးထားသည့်အခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။
7day


မှတ်ချက်များ