နှင်းဆီအငြိမ့်တင်ဆက်မှုကြောင့် ဗိုလ်ချုပ်ရှင်ရှင်ရိုက်ရန် အလှူငွေကျပ်သိန်း ၁၂၀ ခန့်ရ


အောင်ဆန်းရုပ်ရှင်ဖြစ် မြောက်ရေးရန်ပုံငွေပွဲအဖြစ် နှင်း ဆီအဖွဲ့၏ ဖျော်ဖြေပွဲကို ဖေဖော် ၀ါရီ၉ရက်နှင့် ၁၀ရက်တွင် ကျင်း ပခဲ့ရာ အလှူငွေ ကျပ်သိန်း၁၂၀ ခန့်ရရှိခဲ့ကြောင်း ယင်းရုပ်ရှင်ဖြစ် မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဖျော်ဖြေပွဲအစတွင် ဗိုလ် ချုပ်အောင်ဆန်း၏ ဘဝဖြတ်သန်း မှုများအကြောင်းကို သီချင်းများ၊ ဓာတ်ပုံများ၊ သရုပ်ဖော်ပုံစံများ ဖြင့် တင်ဆက်ခဲ့ပြီး အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပန ကိုလည်း ပရိုဂျက်တာဖြင့်
ပြသ ပေးခဲ့သည်။

အောင်ဆန်းရုပ်ရှင်၌ ဗိုလ် ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် အဖြစ် သရုပ်ဆောင်မည့် ကျော် ကျော်မျိုးနှင့် ဇာခြည်လင်းတို့ ပါဝင်တင်ဆက်ပေးခဲ့သည့် မင်္ဂ လာဆောင်သည့်အခန်းကို ပရိ သတ်များနှစ်ခြိုက်ခဲ့ကြ သည်။

ထို့နောက် အောင်ဆန်းရုပ် ရှင်တွင်ပါဝင်သည့်အခန်းအချို့ ကို အစမ်းရိုက်ကူးထားသည့် ၁၂ မိနစ်ခန့်ကြာ သည့် Teaser (အစမ်းရုပ်ရှင်)ကိုပြသပေးခဲ့ပြီး အောင်ဆန်းရုပ်ရှင်ဖြစ်မြောက် ရေးအတွက် သရုပ်ဖော်အစီ အစဉ် တွင်ပါဝင်ပေးခဲ့ကြသော သရုပ် ဆောင်များက စင်အောက်တွင် လိုက်၍ အလှူခံခဲ့ကြသည်။

ယင်းအစီအစဉ်အပြီးတွင် နှင်းဆီအငြိမ့်၏ ဖျော်ဖြေမှုအစီ အစဉ်ကိုစတင်ခဲ့ပြီး ပြက်လုံးများ ဖြင့်တင်ဆက်ပေး ခဲ့သည်။ ခွန်း တောက်သီဆိုအပြီးတွင် လွန်ခဲ့ သည့် သုံးနှစ်ခန့်က စတင်ပြင်ဆင် ခဲ့သော်လည်း ယခုအချိန် တွင် မိနစ်အနည်းငယ်စာ Teaser လေး သာရိုက်ကူးပြသနိုင်သေးသော ကြောင့် ဇာတ်ကားကြီးတစ်ခုလုံး ပြီးရန် နှစ် ၃၀ ခန့်အချိန်ပေးရမည် ဟု ဗိုလ်ချုပ်ရုပ်ရှင်နှင့်ပတ်သက်၍ ပြက်လုံးထုတ်ခဲ့ရာ ပရိသတ်များ နှစ် ခြိုက်ခဲ့ကြသည်။ အငြိမ့်မင်း သမီးခြောက်ဦးပါဝင်ကပြခြင်း ဖြစ်၍ ပြက်လုံးခွင်ခြောက်ခုဖြင့် တင်ဆက်ပေးခဲ့ ပြီး ဖျော်ဖြေချိန်း လေးနာရီခန့်ကြာမြင့်ခဲ့သည်။

သယံဇာတများပြည်ပသို့ ရောင်းသည့်ကိစ္စ၊ ဖုန်းကိစ္စ၊ ငြိမ်း ချမ်းရေးကိစ္စအပါအဝင် လူပြော အများဆုံးဖြစ်ခဲ့ သည့်အကယ်ဒမီ ကိစ္စများကို မော်ဒန် သံချပ်ပုံစံ ဖြင့် Snare ၏ လေဒီကြိုက်တာ ပြောသီချင်း၊ နီနီခင်ဇော် ၏ မျှော် လင့်ချက်တစ်စုံတစ်ရာ၊ လွှမ်းပိုင် ၏ မင်းရဲကျော်စွာဗိုလ်နေတိုးနှင့် ထူအယ်လင်း၏ အချစ်လို့ခေါ် သလားသီချင်းအလိုက်များနှင့် ဖျော်ဖြေပေးခဲ့ရာ ပရိသတ်များ အထူးအားပေးခဲ့ကြသည်။

ထို့အပြင် စကားလုံးများဖြင့် တင်ဆက်သည့် ပဟေဠိပြက်လုံး ခွင်၊ တရားရုံးပြက်လုံးခွင်၊ စာပေ ဟောပြော ပွဲပြက်လုံးခွင်နှင့် ဗိုလ် ချုပ်ဇာတ်ကားရိုက်ကူးသည့် ပြက်လုံးခွင်တို့ကိုတင်ဆက်ပေးခဲ့ သည်။

အဆိုပါဖျော်ဖြေပွဲကျင်းပ သည့်နေရာငှားရမ်းအသုံးပြုခ အဖြစ် သုံးရက်စာကုန်ကျစရိတ်ကို ယဉ်ကျေးမှုဝန် ကြီးဌာနက လှူဒါန်းကြောင်း အစီအစဉ်တင် ဆက်သူနှစ်ဦးအဖြစ် ဆောင်ရွက် ခဲ့သည့် ဇာဂနာနှင့် အရိုင်း တို့က ပြောကြားခဲ့သည်။

ထို့အပြင် ယခုဖျော်ဖြေပွဲ သည် အောင်ဆန်းရုပ်ရှင်အတွက် ပထမဆုံးအကြိမ်ရန်ပုံငွေရှာဖွေ ခြင်းဖြစ်ပြီး မြန် မာနိုင်ငံတွင် နေ ထိုင်သူတစ်ဦးလျှင် ငွေကျပ် ၁,၀၀၀ ထည့်ရုံဖြင့် ယင်းရုပ်ရှင် ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း ဇာ ဂနာက ပြောကြားခဲ့သည်။

ဇွဲဉာဏ် | 7day

မှတ်ချက်များ