ကမ္ဘာ့ ဈေးအကြီးဆုံး တိုက်လေယာဉ် B-2 Spirit


အမေရိကန် ဒေါ်လာနဲ့ နဲ့ တွက်ကြည့်ရင်တောင် တန်ဖိုးက ဒေါ်လာ ၇၃၇ သန်း ရှိပါတယ်။

B-2 Spirit လို့ အမည်ရတဲ့ တိုက်လေယာဉ်ကို ကမ္ဘာ့ ဈေးအကြီးဆုံး တိုက်လေယာဉ် အဖြစ် စံချိန်တင်ထားပါတယ်။ တည်ဆောက် ထုတ်လုပ် အသုံးပြုနိုင်တဲ့ နိုင်ငံကတော့ အားလုံး သိကြတဲ့အတိုင်း အမေရိကန်ပါ။ ဆီုဗီယက်နဲ့ စစ်ဖြစ်ဖို့ နီးစပ်တဲ့ အခြေအေနေ တစ်ခုမှာ ဆိုဗီယက်ကို တိုက်ခိုက်ဖို့ အမေရိကန်တို့ ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခဲ့တဲ့ လေယာဉ် ဖြစ်ပါတယ။ စစ်အေးခေတ် ကာလ ဖြစ်ပြီး တည်ဆောက်မှုကို ၁၉၈၀ ဝန်းကျင်က စခဲ့ရာ ပထမဆုံး အသုံးပြု ပြန်သန်းမှုကို ၁၉၈၇ ခုနှစ်မှာ စတင်နိုင်ခဲ့ ပါတယ်။

သူက အနုမြူ တိုက်ပွဲမှာ အသုံးပြုဖို့ ရည်ရွယ်ခဲ့ပြီး အနုမြူ ဗုံးများကို တင်ဆောက်လို့ ကြဲနိုင်ပါတယ်။ ပေါင်ချိန် ၅၀၀ ရှိတဲ့ ဗုံးအလုံး ၈၀ ကို သယ်ဆောင်နိုင်ပြီး လေပြင်မှာ ၁၂ နာရီ ကြာတဲ့ တာဝန်ကို ထမ်းဆောင်နိုင် ပါတယ်။ ဒါကြောင့် လေယာဉ်မူး ၂ ယောက်အနေနဲ့ လေထဲမှာ အပေါ့အပါး သွားလို့ရအောင် သန့်စင်ခန်း သဘောမျိုးတောင် ပါလိုက်ပါသေး တယ်။ သူဟာ ကမ္ဘာ့ ဈေးအကြီးဆုံး လေယာဉ် အဖြစ်လည်း အသတ် မှတ်ခံထားရ ပါတယ်။ ၁၉၉၇ ခုနှစ်ရဲ့ အမေရိကန် ဒေါ်လာနဲ့ နဲ့ တွက်ကြည့်ရင်တောင် တန်ဖိုးက ဒေါ်လာ ၇၃၇ သန်း ရှိပါတယ်။ တစ်စီး ဖြစ်လာဖို့ တည်ဆောက်မှု စုစုပေါင်း ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁ ဘီလျံ ကျော် ကုန်ပါတယ်။ သူ့ကို လေပေါ် တစ်ခါ ပြန်တဲ့ Program လုပ်ပြီ ဆိုရင် ဒေါ်လာ ၂ ဘီလျံ ကုန်ပါတယ်။

အကုန်အကျ များလွန်းလို့ သူ့ကို သုံးမယ် မသုံးဘူး ဆိုတာ အမေရိကန် လွတ်တော်ထဲမှာ အမြဲတမ်း အငြင်း ပွားကြရတဲ့ ကိစ္စ ဖြစ်ပါတယ်။ အမေရိကန်မှာလည်း သူ့ကို စုစုပေါင်း ၂၁ စီးသာ တည်ဆောက်ခဲ့ပြီး ၁ စီး ကတော့ လမ်းပေါ်မှ မတော်တဆ ဖြစ်ပြီး ပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့်မို့ အစီး ၂၀ သာ ကျန်ပါတော့ တယ်။ နောက်ထပ် တည်ဆောက်ဖို့ဆိုတာလည်း အမေရိကန်မှာ ဘတ်ဂျက်သုံးမယ် မသုံးဘူးကို ဆွေးနွေးနေရပါသေးတယ်။

B-2 Spirit လို လေယာဉ်မျိုးဖြစ်အောင်လည်း ရုရှား နဲ့ ဗြိတိန်တို့က လျှို့ဝှက်လို့ ကြိုးစားတည်ဆောက်လျက် ရှိကြောင်း သိရပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ