"သားသေမိခင်ငိုချင်း"
ကုန်ပြီဟဲ့ကုန်ပြီ
င့ါသား/သမီးတွေဟိုဒီကျဲပြန့်လို့
ခဲယမ်းမှန် သေနန်းစံရပေါ့
ရင်ထဲကနာ သည်းဆက်ခါပါပေ့
အောင်မလေးအရပ်ကူတို့ရေ
စစ်မြေပြင် လောက်ကိုင်တလွှားမှာ
ကျုပ်သား/သမီးတွေမြေခလို့သေရပါပေါ့လား… ။ ။
ဟဲ့သားကြီးနှစ်ကောင်
နင့်ညီ/ညီမတွေသေကုန်ပဟဲ့
နင့်အာဏာနင့်တပ်ရင်းနဲ့
ငါ့သားတွေသာစေကြောင်းကို
အားနှင့်ချီဥာဏ်ကိုမှီလို့
ကြိုးပမ်းပါအုံး။ ။
ဟဲ့သမီးအကြီးမ
ညည်းမောင်/ညီမတွေသေကုန်ပဟဲ့
ညည်းဆုတွေပမာပြု
ကိုယ့်ပြည်ရွာသာယာဖို့နဲ့
ငါ့သားတွေသာစေကြောင်းကို
ညည်းအမြင် ညည်းသဘောနဲ့
ရုန်းစမ်းပါအုံး။ ။
စာပေ့နယ်ပယ်က ဟဲ့သားတွေ
ကလောင်တွေ ငြိမ်မနေစမ်းနဲ့
ကလောင်ကိုသွေး အားကိုမွေး
ကလောင်ကိုချွန် ဥာဏ်ကိုသွန်လို့
မင့်ညီနောင်တွေသာစေကြောင်းကို
စာတွေချီ ကဗျာတွေသီလို့
ရေးစမ်းပါအုံး။ ။
သားသေမိခင် ကယ်ပါရှင်
တကြော်ကြော်အော်လို့
ကျမျက်ရည်ဖြိုင် သည်းစိုင်ကြွေရပေါ့
စစ်တလင်းကသား/သမီးတွေအတွက်
ရင်ထဲမှာတကယ်မချိပေမယ့်
သားတို့အမေ ဂုဏ်ယူမဆုံးပါဘု
"ရဲသော်မသေ သေသော်ငရဲမလား"တဲ့
ဒီစာသားနောက် ဖြည့်လို့ရေးစပ်ချင်ရဲ့
"တိုက်သူမသေ ငိုက်သူသေပါစေသား"လို့
ကျိန်စာတိုက်ဆုတောင်းရင်း
သားတို့ရေ ……
အမျှ…………အမျှ…………အမျှဟဲ့ … …………
တော်ဝင်ကိုကို


မှတ်ချက်များ