မြင်အောင်ကြည့်ပါ
ကိုယ်ခြင်းစာ တရား၊ သစ္စာတရား၊ စွန့်လွှတ်ခြင်း ၊ အနစ်နာခံခြင်း၊ နားလည် ခွှင့်လွှတ်ခြင်း တွေဟာ အောင်မြင်ခြင်း၊ ကျော်ကြားခြင်း၊ ဂုဏ်၊ ရွှေ၊ ငွေ၊ စည်းစိမ် တွေထက် ပိုပြီး တန်ဖိုးရှိတယ် ဆိုတာကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ အပေါ်ယံကိုပဲ မကြည့်ပဲနဲ့ အတွင်းကျကျ လူတစ်ယောက်ကို လေ့လာကြည့်စေလို ပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာကတော့ အောင်မြင်သူ၊ ကျော်ကြားသူ၊ ဂုဏ်၊ ရွှေ၊ ငွေ၊ စည်းစိမ် ဥစ္စာကြွယ်ဝ သူတွေကိုပဲ လူတွေက ပေါင်းသင်း ဆက်ဆံ လိုကြတယ်။ တကယ်တော့ အဲဒါဟာ အလွန်မှား ပါတယ်။ တန်ဖိုးရှိတဲ့ အရာတွေဟာ မျက်စိနှင့်တောင် မမြင်နိုင်ပါဘူး။
လူတစ်ယောက်ရဲ့ စိတ်နှင့် စေတနာတွေကို တန်ဖိုးထား လေးစားပါ။ မိမိကိုယ်တိုင်လည်း တစ်ခြား သူအပေးမှာ စေတနာ အရင်းခံပြီး ပြောဆို ဆက်ဆံပါ။ ကောင်းမွန်သော မိတ်ဆွေ၊ ကောင်းမွန်သော သူငယ်ချင်းတွေ ရရှိလာ ပါလိမ့်မယ်။
ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ