မျိုးဆက် (၆)ဆက်တိုင်တိုင် အသက်ရှင်နေထိုင်နေသေးတဲ့ (၁၁၀) နှစ်အရွယ်အဘိုးအို
တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ် Heping မှာ အသက် (၁၁၀) နှစ်အရွယ် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်တဲ့ Huang Shengyong ဆိုသူဟာ သားသမီး၊မြေး၊မြစ်၊ မိတ်ဆွေတချို့တို့နဲ့အတူ သူ့ရဲ့ မွေးနေ့ ကို တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်။
Huang မှာ သား (၄) ယောက်နဲ့ သမီး (၃) ယောက်ရှိပြီး ခုချိန်မှာဆိုရင် သူ့ရဲ့ မိသားစုတစ်ခုလုံးရဲ့ စုစုပေါင်း စာရင်းအရေအတွက် က ၁၃၃ ယောက်ရှိပါတယ်။
သူဟာ တပ်မ (၁၉) ရဲ့ ရဲဘော်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၃၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက် ဂျပန်နယ်ချဲ့တပ်ကို နှိမ်နင်း တိုက်ခိုက်စဉ် ခြေသလုံးရိုး သေနတ်ထိမှန်ခံခဲ့ရပါတယ်။ နှစ်ပေါင်း ၈၀ ကျော်ကြာပြီးတဲ့ နောက်ပိုင်း တပ်မ (၁၉) စစ်သားတွေထဲ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်တဲ့ စစ်ပြန်တစ်ဦးဖြစ်ပါတယ်။
Trend Myanmar

မှတ်ချက်များ