ISIS စစ်သွေးကြွတွေရဲ့ ပြန်ပြေးဆွဲခံ အမေရိကန်နိုင်ငံသားတစ်ဦးမှ မိသားစုဝင်တွေကို ကြေကွဲဖွယ်နောက်ဆုံးစာတစ်စောင်ပေးပို့
အသက် ၂၇ နှစ်အရွယ် အမေရိကန် အမျိုးသမီးတစ်ဦး ISIS စစ်သွေးကြွများရဲ့ တစ်နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပြီး မသေခင်လေးမှာ သောကရောက်နေတဲ့ သူမ မိသားစုတွေဆီကို နောက်ဆုံး စာ တစ်စောင် ရေးသားခဲ့ပါတယ်။
၂၀၁၃ သြဂုတ်လက Turkey ကနေ Syria ကို နယ်စပ်မှ ကူးဖြတ်ခဲ့တဲ့အချိန်မှာ Kayla Mueller ဟာ ဒုက္ခ သည်တွေအတွက် အကူအညီပေး ပရဟိတလုပ်ငန်းကို ဆောင်ရွက်နေသူဖြစ်ပါတယ်။ နောက်နေ့ကျတော့ ISIS တွေက သူမနဲ့ Turkey သို့ သူမရဲ့အပြန်လမ်းခရီးမှာ ကားအတူစီးလိုက်ပါပေးဖို့ အဖော်တစ်ယောက် ကို အဓမ္မခေါ်ဆောင်ခဲ့တယ်။ သူမဟာ အစွန်းရာက်အဖွဲ့မှ ဖမ်းဆီးခံရတဲ့ နောက်ဆုံးအမေရိကန်နိုင်ငံသား ဓားစာခံအဖြစ်သိရပြီး Jordan လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း အဆောက်အအုံပြုံကျမှု တစ်ခုအပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က အကျဉ်းစခန်းကနေ မိဘဆီ သူမစာရေးခဲ့ပြီး ပြန်လွတ်ပေးလိုက်တဲ့ အကျဉ်းကျဖော်နှစ်ဦးနဲ့ စာကို ထည့်ပေးလိုက်ပါတယ်။ ၄င်းစာထဲမှာ “သူမ အန္တရာယ်ပြုခြင်းမခံရဘဲ ကြင်ကြင်နာနာ ဆက်ဆံခံရ
ကြောင်း” သူမရေးသားခဲ့ပါတယ်။ လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်ခံရတဲ့ ISIS တွေရဲ့ ဖမ်းဆီးခံရ သူတွေနဲ့ ကွာခြားတဲ့ အချက်ဖြစ်ပါတယ်။
အသေအလဲ အခြေအနေကို အလူးအလွန့် ခံနေရပေမယ့် စိတ်ဓာတ်ခိုင်မာအောင်ထားပြီး အကောင်းမြင်တဲ့ စိတ်ပဲ ထားရှိခဲ့ကြောင်းလည်း သူမက ရေးသားခဲ့ပါတယ်။ ဘယ်အခြေအနေမျိုးမှာပဲ ကောင်းခြင်း ဆိုတာ ရှိစမြဲဖြစ်ပြီး အချိန်ဘယ်လောက်ပဲကြာကြာ စိတ်ယိုင်လဲသွားမှာ မဟုတ်ကြောင်းကိုလည်း သူမက ရေးသား ထားပါတယ်။
သူမမိသားစုနဲ့ အိမ်ဖြူတော်မှ သူမ သေပြီဖြစ်ကြောင်း အင်္ဂါနေ့တွင် အတည်ပြုခဲ့ကြတယ်လို့ USA Today မှ သတင်းဖော်ပြထားပါတယ်။ Kayla နဲ့ သူမဆောင်ရွက်သွားတဲ့ အလုပ်ကြောင့် ဂုဏ်ယူမဆုံးဖြစ်ရပါကြောင်း မိသားစုမှ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောဆိုခဲ့ပါတယ်။ သမ္မတအိုဘားမားကလည်း ဝမ်းနည်းစကားဆိုခဲ့ပြီး Mueller ရဲ့ စိတ်ဓာတ်ခိုင်မှုကို ချီးမွမ်းပြောဆိုခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ