ရန်ကုန်မြစ်ကြောင်းတစ်လျှောက် မြစ်ကူးတံတားလေးစင်း တည်ဆောက်ရန် လျာထား


ပန်းဆိုးတန်း-ဒလအပါ အ၀င် ရန်ကုန်မြစ်ကြောင်းတစ် လျှောက်တွင် မြစ်ကူးတံတားလေး စင်းတည်
ဆောက်သွားရန် လျာထားကြောင်း သတင်းရရှိသည်။

ဒေသလိုအပ်ချက်အရ တံ တားများတည်ဆောက်ရန် လျာ ထားသတ်မှတ်ထားသော်လည်း ငွေကြေးအ ခက်အခဲကြောင့် အ ကောင်အထည်ဖော်ရန် ခက်ခဲနေ သေးသည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း (လမ်း/တံတား)အင် ဂျင်နီယာချုပ် ဦးအောင်မြတ်ဦးက ပြောသည်။

‘‘လိုအပ်ချက်အရ လေးစင်း လောက်တော့ ထိုးဖို့လျာထားတာ ရှိတယ်။ ကုန်ကျစရိတ်က အရမ်း များပြီး ပြည်ပချေးငွေနဲ့ လုပ်မှ ဖြစ်နိုင်တာကြောင့် ဒါကို စဉ်းစားနေရ တဲ့ သဘောဖြစ်နေတယ်’’ဟု ၎င်းက ပြော သည်။

ထိုသို့ မြစ်ကူးတံတားတစ် စင်းတည်ဆောက်ရာတွင် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့်ရှိနိုင်ပြီး ချေးငွေပေးအပ်ရန် စိတ်ဝင်စားသော နိုင်ငံအချို့က လာရောက်စုံစမ်း လေ့လာခြင်းများရှိသော် လည်း ချေးငွေပေးအပ်ရန် အတည်ပြုဆုံး ဖြတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။


‘‘တချို့နိုင်ငံတွေက လာပြီး လေ့လာမှုတွေလုပ်တယ်။ ကုန်ကျ စရိတ်ဘယ်လောက်ရှိနိုင်လဲဆို တာ တွက် ချက်မှုတွေ လုပ်သွား ကြတယ်။ ပြီးတော့ အကြောင်းပြန်မှုတွေ မရှိဘူး။ ချေးငွေနဲ့ ဆောက် ရမှာဆိုတော့ နိုင်ငံအတွက် ၀န် ထုပ်ဝန်ပိုးလည်း ဖြစ်နိုင်တာကြောင့် စဉ်းစားနေရတဲ့အပိုင်းတွေလည်း ရှိတာပေါ့’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

တံတားတည်ဆောက်မှုအ တွက် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က အများဆုံးစိတ်ဝင်စားနေပြီး တောင် ကိုရီးယားနိုင်ငံအနေဖြင့် ပန်းဆိုးတန်း-ဒလမြစ်ကူးတံတားတည်ဆောက်မှုကို အကူအညီပေးရန် သတင်း ထွက်ပေါ်ခဲ့သော်လည်း အကောင်အထည်ပေါ်ခဲ့ခြင်း မရှိသေးပေ။

ရန်ကုန်မြစ်ကြောင်းတွင် မကြာမီတန်ချိန်မြင့် ပင်လယ်ကူး သင်္ဘောများဝင်ရောက်နိုင်သည့် ဆိပ်ကမ်းအဖြစ် ပြောင်းလဲရန် လျာထားချက်များရှိ၍ တည်ဆောက်မည့် တံတားများအမြင့်ပေမှာ သာမန်ထက်ပိုရန် လို အပ်သောကြောင့် ကုန်ကျစရိတ်ပိုများနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်သူများက ဆိုသည်။

မြစ်တစ်ဖက်ကမ်းဒေသများ မှာ ရန်ကုန်မြို့နှင့် ဆက်သွယ်သွား လာရန် ခက်ခဲသဖြင့် ဒေသဖွံ့ဖြိုး ရေးနိမ့်ကျ မှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

စီမံကိန်းလုပ်ငန်းသတင်းနှင့် ပတ်သက်၍ စီးပွားရေးသမားများ ၏ မြေဈေးကစားမှုများရှိနေခြင်းက အစိုး ရအတွက် လုပ်ငန်းဆောင်ရွက်ရန် သုံးသပ်စဉ်းစားစရာဖြစ်နေခဲ့သည်ဟု မြစ်ကူးတံတားစီမံကိန်း သတင်း
ကြောင့် ဒလမြို့နယ်အတွင်း ၂၀၁၄ က မြေဈေးကြီးမြင့်ခဲ့မှုကို ရည်ညွန်းကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးမင်း | 7day

မှတ်ချက်များ