အတိတ်ဘ၀ ကို ပြန်ပြောနိုင်သည့် အမေရိကန်က လူဝင်စား




Luke Ruehlman ဟု အမည် ရသည့် ငါးနှစ် အရွယ် ကလေးငယ် တစ်ဦးသည် ၄င်းမှာ ယခင် ဘဝက Pam Robinson ဟု အမည် ရသည့် မိန်းကလေးတစ်ဦးဖြစ် ကြောင်းနှင့် ချီကာဂို ပြည်နယ် ရှိ ဟို တယ်တစ်ခု တွင် မီးလောင်ရာမှ သေဆုံးခဲ့ကြောင်း အခိုင်အမာ ထုတ်ဖော် ပြောဆိုခဲ့သည်။

Pam မှာ အာဖရိကန်နှင့် အမေရိကန် စပ်ထားသည့် အမျိုး သမီး တစ်ဦး ဖြစ်ကာ ချီကာဂို တွင် နေထိုင်
ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် Paxton ဟိုတယ် မီးလောင်မှု ဖြစ်ပွားရာ မှ သေဆုံးခဲ့ကြောင်း တို့ကို Luke က ထူးခြားဆန်းကြယ် TV စီးရီး၏ အင်တာဗျူး တစ်ခုတွင် သက်သေ သာဓက များနှင့် ထုတ် ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ယခင်ဘဝက သူ နှင့် ရင်းနှီး ကျွမ်းဝင်သူ အချို့၏ အမည် အချို့ ကိုလည်း ပြောကြား နိုင်သည်ဟု ဆိုသည်။ Luke သည် အသက် ၂ နှစ် အရွယ်ကပင် မိခင် ဖြစ် သူ အား Pam ဟူသည့် သူ စိမ်း အမျိုးသမီး နာမည် တစ်ခုအား ရေရွတ်ပြောကြား တတ်ကြောင်း မိခင်ဖြစ်သူ Erika က ဆိုသည်။

”အဲဒီ Pam က ဘယ်သူလဲလို့ မေးရင် သူက ကျွန်မ ဘက်လှည့်ပြီး ‘ကျွန်တော် ပဲလေ။ ကျွန်တော် သေ သွားခဲ့ပြီး ကောင်းကင်ဘုံ ကိုရောက် သွားခဲ့တာ။ အဲဒီမှာ ဘုရား သခင် နဲ့ တွေ့ပြီး သူက ကျွန်တော့်ကို တွန်း ချလိုက်လို့ ကျွန်တော် ကလေးလေး ပြန်ဖြစ်လာတာပေါ့’ လို့ ဖြေတယ်” ဟုErika က ပြောကြားခဲ့ သည်။

Erika သည် Luke ၏ ချီကာ ဂို သွားရန် အကြိမ်ကြိမ် တောင်းဆို မှုကြောင့် ဦးနှောက် ခြောက်ခဲ့ရပြီး သူမ ကိုယ်တိုင် သွားရောက် စုံစမ်း ခဲ့ရာ ၁၉၉၃ ခုနှစ်တွင် ဟိုတယ် မီး လောင်ရာ၌ သေဆုံးသွားခဲ့ သည့် ၁၉ ယောက်သော သူများထဲ တွင် Pam Robinson ဆိုသည့် အမျိုးသမီး၏ အမည်ကို ရှာတွေ့ခဲ့ သည်ဟု ဆို သည်။

KTZO
Ref: Huffington Post

မှတ်ချက်များ