ဂါလန် ၅ဝဆံ့ ဆီပန့်များအား အသုံးပြု၍ တရားမဝင် ရောင်းချနေသည့် ဆိုင်များအား အရေးယူမည်


ဘက်ထရီကို အသုံးပြု၍ တစ်ပိုင်တစ်နိုင်ရောင်း ချနေသည့် ဂါလန် ၅ဝဆံ့ဆီပန့်ဆိုင် များအား ရှောင်တခင် စစ်ဆေး၍ အရေးယူသွားမည်ဖြစ်ကြောင်း စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

''စက်တွေကိုသိမ်းပြီး ဥပဒေ အရ ဒဏ်ငွေရိုက်ဆောင်ရွက်ဖို့ရှိ တယ်'' ဟု တိုင်းဒေသကြီးသစ်တော၊ သတ္တုနှင့်စွမ်းအင်ဝန်ကြီးဌာန ဝန် ကြီးဦးသန်းထိုက်က ပြောသည်။

အဆိုပါဆိုင်များကို ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများ၏ တရား ဝင်ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ထား သည့် ဂါလန် ၅ဝဆံ့ ဘက်ထရီစနစ် သုံးပန့်ဆိုင်များကို ဖေဖော်ဝါရီ ၂ဝ ရက်အထိ အသိပညာပေးဆွေးနွေး ရန်၊ အသိပညာပေးကာလ ကျော်လွန် ပါက လိုက်နာမှုမရှိသောစက်သုံးဆီ အရောင်းဆိုင်များအား အရေးယူ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ အသိပေးအကြောင်း ကြားထားသည်။

ဒီမိုကရေစီတူဒေး သတင်းစာ

မှတ်ချက်များ