မွေးစအရွယ်မှစ၍ စာဖတ်ပြပါက ကလေးများ အသံနေအသံထား မှန်မှန်ဖြင့် စကားပြောနိုင်ဟုဆို
မွေးစ အရွယ်မှစ၍ ကလေးငယ်များကို စာဖတ်ပြခြင်းအားဖြင့် ကြီးလာသည့် အခါ စာမဖတ်ပြသောကလေး များ ထက် အသံနေအသံထားမှန်မှန်ဖြင့် ဌာန်ကရိုဏ်းကျကျ ပိုမိုပြောနိုင် ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ကလေးအထူးကုဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာရဲမြင့်ကျော်က ပြောဆိုလိုက်သည်။
မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို များသောအား ဖြင့် စကားပြောတတ်သည့် အရွယ် မှသာ စာဖတ်ပြလေ့ရှိကြပြီး မွေးစ အရွယ်မှစတင်ကာ စာဖတ်ပြသင့် ကြောင်း ၄င်းက ဆိုသည်။
''ဆရာက မိဘတွေကို ကလေး တွေ ဘယ်အချိန်မှာ စာဖတ်ပြသင့် သလဲလို့မေးရင် တစ်နှစ်၊ သုံးနှစ်လို့ ဖြေကြတာတွေရှိတယ်။ အမှန်က မွေးစကစပြီး ဖတ်ပြသင့်တယ်။ မွေး စကစပြီး စာဖတ်ပြလိုက်တဲ့ကလေး နဲ့တစ်နှစ်နောက်ပိုင်းမှ စာဖတ်ပြတဲ့ ကလေးနဲ့နှိုင်းယှဉ်လိုက်ရင် မွေးစက စပြီး စာဖတ်ပြတဲ့ကလေးက ကြီး လာ တဲ့အခါ စကားလည်လည်ပတ်ပတ် ပြောနိုင်တယ်။ ဌာန်ကရိုဏ်းကျကျ၊ သဒ္ဒါမှန်မှန်ပြောနိုင်တယ်''ဟု ဒေါက် တာရဲမြင့်ကျော်က ပြောသည်။
ထို့ပြင်မြန်မာနိုင်ငံမှ မိဘများအ နေဖြင့် ကလေးနှင့်သက်ဆိုင်သည့် ဗ ဟုသုတများ နည်းပါးနေသေးကြောင်း နှင့်နိုင်ငံခြားတိုင်းပြည်များတွင် ကလေး ပြုစုခြင်းကို အပတ်စဉ်ထုတ်ဂျာနယ် များ၊ မဂ္ဂဇင်းများ အလွယ်တကူ ဖတ် ရှုနိုင်ပြီး မြန်မာနိုင်ငံတွင် ကလေးပြု စုခြင်းဆိုင်ရာ စာအုပ်စာတမ်းထုတ်ဝေ မှုမှာ အားနည်းသေး
ကြောင်း သိရသည်။
''ဖတ်ပြနိုင်ရင်တော့ အကောင်း ဆုံးပေါ့။ ကလေးကမွေးကတည်းက နားကကြားနေတော့ တခြားအသံတွေ လဲ ကြာနေရတော့ တခြားအသံနဲ့ စာရင် ပုံပြင်တွေ၊ ဇာတ်တော်တွေ ဖတ်ပြနိုင်ရင်တော့ စာသင်တဲ့အရွယ် ရောက်တဲ့အခါ ကလေးအတွက် စာ သင်ရတဲ့နေရာမှ ပိုလွယ်သွားတာ ပေါ့''ဟု ကလေးမိခင်တစ်ဦးဖြစ်သူ မမြင့်မြင့်စိုးက ဆိုသည်။
ကလေးများ ဥာဏ်ရည်ဖွံ့ဖြိုး ရန်နှင့်အာဟာရဓာတ်ဖွံ့ဖြိုးရန်အ တွက် မွေးစမှ နှစ်နှစ်အတွင်း အထူး ဂရုပြုစု
စောင့်ရှောက်ရန်လိုအပ်ပြီး အသက်ခြောက်နှစ် နောက်ပိုင်း ကြီး ထွားဖွံ့ဖြိုးမှုနှေးကွေးသွားကြောင်း ကလေး အထူးကု ဆရာဝန်ကြီးများ ထံမှ သိရသည်။
CN (MMK) | ဒီမိုကရေစီတူဒေး

မှတ်ချက်များ