မြန်မာနှင့်ထိုင်း သရုပ်ဆောင်များ ပူးတွဲရိုက်ကူးသည့် ပထမဆုံးရုပ်ရှင် TT & Donuts ဇာတ်ကားမှ သရုပ်ဆောင်များနှင့် စကားစမြည်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်နိုင်ငံပေါင်းပြီး ပထမဆုံးရုပ်ရှင် ဇာတ်ကား အဖြစ် TT & Donutsအမည်ရှိဇာတ် ကားကို ထိုင်းနိုင်ငံမှမင်းသား၊ မင်းသမီးနှင့် မြန်မာနိုင်ငံမှ ပြေတီဦးနှင့် ရွှေသမီးတို့က ပါဝင်သရုပ်ဆောင်ရ မှာဖြစ်တယ် လို့သိရပြီး ဇာတ်ကားကိုတော့ ဖေဖော်ဝါရီတတိယပတ်မှာ စတင် ရိုက်ကူးမှာဖြစ်ပါတယ်။
ဒါကြောင့် ဇာတ်ကားအ ကြောင်းကိုပါဝင်သရုပ်ဆောင်မယ့် မင်းသား ပြေတီဦး နှင့် ထိုင်းသရုပ်ဆောင်နှစ် ဦးကို တီးခေါက်ကြည့် မိခဲ့ရာ
ပြေတီဦး
**********
ဇာတ်လမ်းကတော့ သာမန်အချစ် ဇာတ်လမ်းလေးပါပဲ။ ထိုင်းမင်းသမီးနဲ့ ကျွန် တော့်ရဲ့အချစ်ဇာတ်လမ်းပေါ့။ ထိုင်းမင်းသား နဲ့ရွှေသမီးကတော့ အတွဲပေါ့။ ရွှေသမီးက တော့ ကျွန်တော့်ရဲ့ညီမနေရာကနေ သရုပ် ဆောင်ရမှာပါ။ ကျွန်တော်တို့ရဲ့အရည်အ သွေးက သူတို့နဲ့ယှဉ်ရင် လုံးဝမညံ့ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့မှာ အားနည်းနေ တဲ့အပိုင်းက စက်ပစ္စည်း ကိရိယာပိုင်းတွေ၊ နည်းစနစ်ပိုင်းတွေ ကတော့ တော်တော် ကြီးကို အားနည်းပါတယ်။ သူတို့ကိုမမီ ပါဘူး။
တစ်ခုထူးခြာတာက ရှုတင်ကို ကျွန်တော်တို့ကို စခေါ်တဲ့အချိန်က မနက် ၆နာရီပါ။ မနက်၆နာရီအတိမှာ ရိုက်ကွင်းကိုရောက်အောင် လာရပါမယ်။ ကျွန်တော်တို့ဆီမှာနဲ့တော့ အရမ်းကွာခြားလွန်းပါ တယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းကြိုက်ပါတယ်။ ဒါက Professional ဆန်တာပါ။
ကျွန် တော်ကလည်း မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အချိန်ကို ဘယ်လောက်အထိတိကျသလဲဆို တာကို ပြရပါမယ်။ ရက်တိုင်းရက်တိုင်းကို တစ်မိနစ်ကလေးမှနောက်မကျဘဲ စောစောလာမှာပါ။
ဒီဇာတ်ကားက ကျွန်တော့်ဘဝအတွက် မေ့လို့မရမယ့်ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ထိုင်းမင်းသမီး (Donut)
*****************************
ကာရိုက်တာတွေ အကုန်လုံးကို ပေးမသိစေချင်သေးဘူး။ အားပေးမယ့် ပရိသတ်တွေကို ထူးထူးခြားခြား
လေးဖြစ်စေချင်လို့ ပါ။ ဒီဇာတ်ကားက ပထမဆုံးဇာတ်ကားဖြစ်တဲ့အတွက် ထိုင်းက ပရိသတ်တွေကလည်း အားပေးကြမှာပါ။ မြန်မာနဲ့ထိုင်းနဲ့ ပထမဆုံးအလုပ်တွဲလုပ်တာဖြစ်တဲ့အတွက် ပရိသတ်တွေစိတ်ဝင်စားကြ မှာပါ။
Miss တစ်ယောက်ဖြစ်တဲ့အတွက် ဒီဇာတ်ကားက ပထမဆုံး သရုပ်ဆောင်လိုင်းထဲဝင်ဖို့ အကောင်းဆုံး ပထမအဆင့်ပါပဲ။
ထိုင်းမင်းသား(Kong)
****************************
ဒီရုပ်ရှင်က ပထမဆုံးဇာတ်ကားလည်းဖြစ်တဲ့အတွက် ကြိုးစားမှာပါ။ ဒီဇာတ်ကားထဲမှာတော့ လူဆိုးတစ်
ယောက်နေရာကနေ သရုပ် ဆောင်ရမယ်။ ရွှေသမီးကိုလိမ်ရမယ့်သူပေါ့။ ဗီလိန်ဇာတ်ရုပ်ပေါ့။
မာဖီးယားဂိုဏ်းကလာတဲ့လူတစ်ယောက်ပေါ့။ ဇာတ်ဝင်ခန်းတွေကိုတော့ ထိုင်းမှာလည်း ရိုက်မယ်။ မြန်မာ မှာလည်းရိုက်မယ်။ မြန်မာတွေနဲ့ ပထမဆုံး လက်တွဲခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။အကောင်း ဆုံးကြိုးစားသွားမှာပါ။
သုသော်ဒီ

မှတ်ချက်များ