မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းများ စတင်ပို့လွှတ်
မြန်မာ- တရုတ်ရေနံ စိမ်းပိုက်လိုင်းမှ ရေနံစိမ်းများကို ဇန်န၀ါရီ ၃၀ ရက်မှစတင်၍ တရားဝင်ပို့လွှတ်သည်။
၇၇၀ ကီလိုမီတာ (မိုင် ၄၈၀) ရှည်လျားသော ရေနံစိမ်းပိုက်လိုင်းသည် မဒေး ကျွန်းမှ တစ်ဆင့်တိုင်းနှင့် ပြည် နယ်လေးခုကို ဖြတ်သန်းကာ တရုတ်နိုင်ငံသို့ပေးပို့မည်ဖြစ်သည်။
နှစ်စဉ်ရေနံစိမ်းတန်ချိန် ၂၂ သန်းပို့ဆောင်နိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းဒေသအ ချို့ကို ခွဲဝေ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းဌာနက သတင်းထုတ် ပြန်သည်။
အဆိုပါစီမံကိန်းကို မြန်မာ အစိုးရနှင့် တရုတ်နိုင်ငံ CNPC ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ် ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရှိသည်။ မြန်မာအစိုးရက ယင်း ပမာဏ၏ ထက်ဝက်နီးပါးဖြစ်သောအမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၄ဘီလီယံပါဝင်ရင်းနှီးမြှုပ်နှံရန် သ
ဘောတူထားသည်ဟု ဆိုသည်။
ထိုရေနံစိမ်းပိုက်လိုင်းစီမံ ကိန်းကြောင့် ကမ္ဘာ့ထိပ်တန်းရေနံ စိမ်းဝယ်ယူသူ တရုတ်နိုင်ငံသည် မလက္ကာရေ လက်ကြားမှ တစ်ဆင့်ရေနံသယ်ယူပို့ဆောင်နေရခြင်း ကို လျော့ကျသွားစေမည်ဖြစ် သည်။
မိုးညို ၊ဇွဲဉာဏ် | 7day

မှတ်ချက်များ