IS တို့ ကျောက်ခဲဖြင့် ပေါက်၍ သေဒဏ်စီရင်ခြင်း ခံရသူ အမျိုးသမီး ရှင်သန်လွတ်မြောက်


အစ္စလာမ္မစ်နိုင်ငံ ထူထောင်ရေး (IS) အဖွဲ့သည် ယမန်နေ့က ဆီးရီးယား အမျိုးသမီး တဦးအား အိမ်ထောင်
ရေး ဖောက်ပြန်သည်ဟု ဆိုကာ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းဖြင့် သေဒဏ်စီရင်ခဲ့ သော်လည်း ထိုအမျိုး သမီးက ပြစ်ဒဏ်စီ ရင်သော နေရာမှ လွတ်မြောက် သွားခဲ့သည်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အဆိုအရ IS တို့သည် ထိုအမျိုးသမီးအား အိမ်ထောင်ရေး
ဖောက်ပြန် မြှု ဖင့် နိုင်ငံမြောက်ပိုင်းရှိ ရက်ကာမြို့တွင် ကျောက်ခဲများ  ပစ်ပေါက်၍ သေဒဏ်စီရင်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

စစ်သွေးကြွများကိုယ်တိုင် ထိုအပြစ်ဒဏ်ကို စီရင်ခဲ့ခြင်း ဖြစ်ကာ သေပြီဟု ယူဆရသည်အထိ ကျောက်ခဲဖြင့်
ပေါက်ရခြင်း ဖြစ်သည်။

၎င်းတို့သည် ကျောက်ခဲများဖြင့် သဲကြီးမဲကြီး ပစ်ပေါက်ခဲ့ကြပြီး သေပြီဟု ယူဆကာ ရပ်တန့်လိုက်ချိန်တွင် သူမက ထရပ်ကာ ပြစ်ဒဏ်စီရင်ရာ နေရာမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

"IS စစ်သွေးကြွ တယောက်က ဒီအမျိုးသမီး ထလာတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်တော့မလို့ပဲ၊ ဒါပေမဲ့ အဲဒီ အချိန်မှာပဲ သူတို့ရဲ့ အစ္စလာမ္မစ်ဂျူရီလူကြီးတဦးက ဒါဟာ ဘုရားသခင် အလိုတော်အတိုင်းပဲ လို့ ပြောပြီး ဟန့်တားခဲ့တယ်" ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် လူ့အခွင့်အရေးစောင့်ကြည့်သူ တဦးက ပြော ကြားသည်။

ထိုအမျိုးသမီးအနေဖြင့် ယခုအချိန်တွင် လွတ်မြောက်အောင် ထွက်သွားနိုင်မည် ဖြစ်သော်လည်း ယင်းအပြစ် ဒဏ်အတွက် အစဉ် နောင်တရနေလိမ့်မည်ဟုလည်း အဆိုပါ ဂျူရီ လူကြီးက ပြောကြားခဲ့သည်။

လူ့အခွင့်အရေးစောင့်ကြည့်သူများ၏ အဆိုအရ ဆီးရီးယားတွင် ပြီးခဲ့သည့် ဇူလိုင်လမှ စ၍ လိင်တူဆက် ဆံခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ကြောင့် ဂျီဟတ်တို့၏ သေဒဏ်စီရင်မှု ခံခဲ့ရသူပေါင်း ၁၅ ဦး ရှိခဲ့ကာ ၉ ဦးမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

ကျော်လင်းထွန်း | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ