ဦးရေပြားယားယံခြင်းအတွက် ဒိန်ချဉ်


(၁) မိမိ၏ ဆံပင်အထူအပါးပေါ်မူတည်၍ ဒိန်ချဉ်ကို ခွက်ထဲထည့်ပါ။
(၂) ရှောက်သီး၊ သံပုရာသီး၊ သံပယိုသီး တစ်မျိုးမျိုး၏ အရည်ကို ထမင်းစားဇွန်းထက်ဝန်ခန့် ထည့်ပါ။
(၃) ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့် ရောထည့်၍ သမအောင် ရောမွှေလိုက်ပါ။
(၄) ရောစပ်ထားသော ၄င်းဒိန်ချဉ်ကို ဆံပင်အရင်းနှင့် ဦးရေပြားကို ထိအောင် လိမ်းပေးပါ။
(၄) မိနစ်(၂၀)ခန့် လိမ်းထားပြီးလျှင် ခေါင်းလျှော်နိုင်ပါပြီ။ ဆပ်ပြာ၊ ခေါင်းလျှော်ရည် ကြိုက်တာ သုံးနိုင်ပါတယ်။

ဒိန်ချဉ်၊ ပျားရည်နှင့်ရှောက်သီးတို့သည် ဆံပင်အတွက် အလွန်အသုံးဝင်သော သဘာဝဆေးဖက်ဝင် ပစ္စည်းများဖြစ်ကြသည်။ ဒိန်ချဉ်တွင် ပါဝင်သော ပရိုတင်းဓါတ်နှင့် ဗီတာမင် B5 ၊ ရှောက်သီးနှင့်ပျားရည်တို့တွင်ပါဝင်သော အစွမ်းသတ္တိများကြောင့် ဆံပင်များနှင့် ဦးရေပြားမှ ဆဲလ်များကို ပြန်လည်ကောင်းမွန်လာစေမည်။ ဗောက်များကို ရှင်းထုတ်ပေးမည်။ဗောက်များကင်းရှင်း၍ လှပသောဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို)

မှတ်ချက်များ