အချိုရည်သောက်ခြင်းဖြင့် ကင်ဆာရောဂါ အန္တရာယ် များပြားလာနိုင်


အချိုရည် တစ်နေ့ တစ်ဗူး သို့မဟုတ် အဲ့ထက် ပိုသောက်တဲ့သူတွေဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ကာစီနို ဂျင်နဲ့ ထိတွေ့နေတာဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ခုမှ သတိပေးထားပါတယ်။ လူကို ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ပါဝင်ပစ္စည်း 4-methylimidazole (4-MEI) ဟာ ညိုဖျော့ဖျော့အရောင်ရှိပြီး ကုန်ပစ္စည်းထုတ် လုပ်ရာမှာ ရောသုံးထားတတ်ပါတယ်။

၎င်းညိုဖျော့ဖျော့အရောင်ဟာ ကိုလာနဲ့ တခြားသော အချိုရည်တွေမှာ ပါဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အချိုရည်သောက်သုံးသူတွေဟာ အရသာအတွက် ရည်ရွယ်ထည့်သုံးထားတဲ့ ပစ္စည်းတစ်မျိုးကြောင့် ကင် ဆာရောဂါ ရရှိနေကြခြင်း ဖြစ်တယ်လို့ ၄င်းလေ့လာမှုအား ဦးစီးဆောင်ရွက်သူ Keeve Nachman က ပြော ဆိုခဲ့တယ်။ အချိုရည် (၁၁) မျိုးမှာ ပါရှိတဲ့ 4-MEI ကို ခွဲခြမ်းလေ့လာကြည့်ရာ ညိုဖျော့ဖျော့ အရောင်ရှိ အချို ရည်တွေကနေ လာတဲ့ 4-MEI ကြောင့် ရောဂါရတာဖြစ်တယ်လို့ ခန့်မှန်းခဲ့ပြီး အချိုရည် ပုံမှန်သောက်တဲ့ ပမာဏနဲ့လည်း ဆက်စပ် နေတယ်လို့လည်း ဆိုပါတယ်။

Trend Myanmar

မှတ်ချက်များ